ဆားက ဟင်းချက်ရာမှာ မပါမဖြစ် အရာတစ်ခုဖြစ်တဲ့အပြင် တခြားနေရာတွေမှာလည်း အသုံးဝင်ပါတယ်။

12744810-4561005-1-4_16-0-1485870437-1485870451-650-12-1488295420-650-c0fd1995f6-1491550492

လိုက်ကာတွေမှာ မှိုမတက်၊ ဖားဥစွဲတာကို လျော့နည်းစေခြင်း

အထူးသဖြင့် ရေချိုးခန်းသုံး လိုက်ကာတွေက ရေနဲ့ တစ်ချိန်လုံး ထိတွေ့နေတာကြောင့် မှိုတက်၊ ဖားဥဆွဲတာတွေ အလွယ်တကူ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုက်ကာတွေကို စဝယ်လာကတည်းက ဆားရည်နဲ့ လျှော်ပြီး မှ အသုံးပြုရင် မှိုတက်တာ၊ ဖားဥစွဲတာတွေကို သက်သာစေပါတယ်။

10537360-Depositphotos_85976484_s-2015-1485507146-650-9a118bc4bb-1485926305

ခြင်ကိုက်ဒဏ်ရာ

ခြင်ကိုက်လို့ ယားယံတဲ့အခါမှာ ရေအနည်းငယ် နဲ့ ဆားကို ဖျော်ပြီး ခြင်ကိုက်ဒဏ်ရာအပေါ်မှာ လိမ်းပေးပါ။ ဒါဆို ယားတာတွေ၊ ယောင်တာတွေ တဖြည်းဖြည်း လျော့သွားပါလိမ့်မယ်။

10535610-how-to-clean-copper-1485506930-650-bcd639e850-1485926305

ကြေးနီတွေကို ပြန်လည်တောက်ပြောင်စေ

ကြေးနီအသုံးပြုထားတဲ့ မီးဖိုချော်သုံပစ္စည်းတွေကို ရှာလကာရည် နဲ့ ဆား ဒါမှမဟုတ် ဆားနဲ့ သံပုရာသီးနဲ့ ရောပြီး တိုက်ပေးရင် ပြန်လည် တောက်ပြောင်လာပါတယ်။

10537660-Depositphotos_4690998_original-1485769393-650-8555b5309f-1485926305

ဆီပေါက်တာကို လျော့နည်းစေ

ဒယ်အိုးထဲကို ဆီထည့်ပြီး အသား၊ငါးတွေ မထည့်ခင်မှာ ဆီပူထဲကို ဆားအနည်းငယ်ထည့်ပေးရင် ဆီပေါက်တာကို သက်သာစေပါတယ်။

12744760-4562155-2-4Image_16-0-1485871285-1485871292-650-10-1488295420-650-5975ca3b6e-1491550492

ဖယောင်းစက်တွေ ကျတာ လျော့နည်းဖို့

မီးပျက်တဲ့အခါမှာ ဖယောင်းတိုင်ထွန်းပြီးရင် ဖယောင်းစက်တွေ လိုက်ရှင်းရတာက အလုပ်တစ်လုပ်ပါ။ ဒါကြောင့် ဖယောင်းတိုင်တွေကို ဝယ်လာပြီးတာနဲ့ ဆားပါဝင်မှုများတဲ့ ဆားဖျော်ရည်ထဲမှာ တစ်ညလောက်နှစ်ထားပါ။ ပြီးမှ အခြောက်ခံပြီး သုံးရင် ဖယောင်းစက်များ ကျတာ လျော့နည်းစေပါတယ်။

10536460-EN_01230691_4726-1485514775-650-49ec1c01da-1485926305

ကြက်သွန်နီလှီးပြီး လက်မှာ အနံ့မစွဲစေဖို့

ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ လှီးပြီးလျှင် အနံ့တွေစွဲကျန်ခဲ့တတ်ပါတယ်။ ဒါဆိုရင် လက်ကို ဆေးလိုက်ပါ၊ ပြီးရင် ဆားနဲ့ ပွတ်ပြီး ထပ်ဆေးရင် အနံ့တွေ မစွဲတော့ပါဘူး။