အုန်းဆီမှာ Fatty Acids ပါဝင်ပြီး သင့်အတွက် များစွာအသုံးဝင်ပါတယ်။ ဒီတခါမှာတော့ အုန်းဆီရဲ့ အသုံးဝင်ပုံတွေကို မျှဝေပေးချင်ပါတယ်။

သွားနဲ့ ခံတွင်းအတွက်

အုန်းဆီဟာ ခံတွင်းနံ့ဆိုးတာကို သက်သာစေပြီးသွားတွေကို ဖြူဝင်းစေပါတယ်။ အုန်းဆီကို သွားမတိုက်ခင် ၂ မိနစ်လောက် ငုံထားပေးပါ။

ထိခိုက်ရှနာတာအတွက်

ထိခိုက်ရှနာရင် အုန်းဆီကို လိမ်းပေးလိုက်ပါ။ အုန်းဆီက အနာကို အမြန်ကျက်စေပါတယ်။

အသားအရေ စိုပြေဖို့

အသားအရေ စိုပြေစေဖို့အတွက် အုန်းကို လိမ်းပေးနိုင်ပါတယ်။ အကြောပြတ်တာတွေဖြစ်တဲ့အခါ အုန်းဆီကို လိမ်းပေးလိုက်ပါ။

အရေးကြောင်းသက်သာဖို့

အရေးကြောင်း သက်သာဖို့အတွက် အုန်းဆီကို လိမ်းပေးနိုင်ပါတယ်။ အိပ်ယာမဝင်ခင် မျက်ကွင်းနားမှာ လိမ်းပေးရင်လည်း အရေးကြောင်း သက်သာစေပါတယ်။

ဆံကေသာအတွက်

ညအိပ်ယာမဝင်ခင် အုန်းဆီလိမ်းအိပ်ပြီး မနက်ဖက်မှာ ခေါင်းလျှော်ချလိုက်ပါ။

လက်သည်းတွေ ခိုင်မာဖို့

သင်မသိသေးတဲ့ အုန်းဆီရဲ့ အသုံးဝင်ပုံတွေ

အုန်းဆီကို လက်သည်းမှာ လိမ်းပေးပြီး ၅ မိနစ်လော်ကထားကာ ရေဆေးချပေးပါ။

နှုတ်ခမ်းသားအတွက်

နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတာတွေအတွက် အုန်းဆီကို လိမ်းပေးနိုင်ပါတယ်။

ကလေးအသားအရေနဲ့ မိခင်အတွက်

ကလေးငယ်ရဲ့ အသားအရေ စိုပြေဖို့ အုန်းဆီကိုလိမ်းပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း အကြောပြတ်တာမျိုး မဖြစ်ဖို့လိမ်းနိုင်ပါတယ်။

နို့သီးခေါင်းမှာ လိမ်းပေးမယ်

ကလေးကို နို့တိုက်နေရတဲ့ မိခင်အတွက် နို့သီးခေါင်း အက်ကွဲတာမျိုး မဖြစ်စေဖို့ အုန်းဆီ လိမ်းပေးနိုင်ပါတယ်။ ကလေးအတွက်လည်း အန္တရာယ်မရှိစေပါဘူး။

ဇစ်ဆွဲမရတဲ့အခါ

အင်္ကျီဇစ်ဆွဲမရတဲ့အခါ အုန်းဆီကိုလိမ်းပြီး ဆွဲပေးကြည့်ပါ။

ပရိဘောဂပစ္စည်းတွေအရောင်တောက်အောင်

ပရိဘောဂ ပစ္စည်းလေးတွေကို အရောင်တောက်အောင် အုန်းဆီကို အဝတ်အသန့်တစ်ခုပေါ်တင်ပြီး ပစ္စည်းတွေကို ပွတ်တိုက်ပေးနိုင်ပါတယ်။