အုန်းဆီဟာ အလှအပအတွက် တကယ်ကိုအသုံးဝင်တယ်ဆိုတာ သင်သိပြီးပြီလား။ ဒီအကြောင်းဖတ်ပြီးရင်တော့ အုန်းဆီကို မဖြစ်မနေ ပြေးဝယ်ကြမှာသေချာပါတယ်။

အုန်းဆီကို အလှအပအတွက် ဒီလိုအသုံးပြုလိုက်ရအောင်

Lotion

အိပ်ယာမဝင်ခင်မှာ အုန်းဆီကို ခန္တာကိုယ်အနှံ့လိမ်းပေးပြီးအိပ်ပါ။ အစားအရေခြောက်သွေ့တာကို ပြန်လည်စိုပြေလာစေမှာဖြစ်ပါတယ်။ ပါးပါးပဲလိမ်းပေးရမှာပါ။ မနက်ကျရင်ရေချိုးပါ။ မျက်နှာပေါ်တော့ လိမ်းမအိပ်ပါနဲ့။

ပေါင်းဆေး

အုန်းဆီကို ဆံပင်ပေါင်းဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ရေမချိုးခင်မှာ အုန်းဆီကို ၁ နာရီလောက် ခေါင်းပေါ်မှာ လိမ်းပေးပြီး ပေါင်းပေးထားပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ဆံသားတွေ တောက်ပြောင်ပြီး သန်စွမ်းလာမှာဖြစ်ပါတယ်။

မျက်နှာသန့်စင်ဆေး

အုန်းဆီကို မျက်နှာသန့်စင်ဆေးအနေနဲ့ အသုံးပြုလို့ရပါတယ်။ မိတ်ကပ်ကို ဖယ်ရှားနိုင်ပြီး မျက်နှာသစ်ဆပ်ပြာအနေနဲ့လည်း မျက်နှာသစ်ပေးနိုင်ပါတယ်။ ဒါဆို အသားအရေစိုပြေပြီး ချွေးပေါက်တွင်းက ဆဲလ်သေတွေ အညစ်အကြေးတွေကို ဖယ်ရှားပေးမှာပါ။

ချွေးနံ့ပျောက်ဆေး

အုန်းဆီကို ချိုင်းချွေးနံ့ပျောက်ဆေးအနေနဲ့အသုံးပြုနိုင်ပါတယ်။ အုန်းဆီရယ် အာသာလွှတ်ဥ အမှုန့်ရယ် မုန့်ဖုတ်ဆိုဒါရယ် ရောပြီး ၁၅ မိနစ်လောက်လိမ်းပေးထားပါ။ ပြီးရင်ရေဆေးချပါ။

နုတ်ခမ်းနီ

နုတ်ခမ်းကွဲတာတွေအတွက် အုန်းဆီက အထူးသင့်တော်ပါတယ်။

အမွေးရိပ်တဲ့ခရင်မ်

အုန်းဆီကို အမွေးရိပ်တဲ့ ခရင်မ်အနေနဲ့ အသုံးပြုနိုင်ပါတယ်။

မျက်ခုံးမွေးထူထူရဖို့

အုန်းဆီကို မျက်ခုံးမွေးပါးတဲ့သူတွေအသုံးပြုနိုင်ပါတယ်။ မျက်ခုံးမွေးကို သဘာဝအတိုင်း ပြန်ပေါက်စေတာမလို့ နည်းလမ်းကောင်းတစ်ခုဖြစ်မှာပါ။

Source: thelist.com