[Unicode]
လိမ္မော်သီးစားပြီးလို့ လိမ္မော်ခွံကို အလဟသပ် လွင့်ပစ်စရာမလိုတော့ပါဘူး။ လိမ္မော်သီးကို အရသာရှိရှိစားပြီးရင် လိမ္မော်ခွံကိုလည်း ကျန်းမာရေးအတွက် အသုံးပြုလိုက်ရအောင်ပါ။
လိမ္မော်ခွံမှာလည်း ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ Essential Oil ပါဝင်ပြီး သင့်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။
ချောင်းဆိုပျောက်စေဖို့အတွက် ဘယ်လိုသုံးမလဲ
Antioxidant လည်းပါဝင်ပြီး ချောင်းဆို ပျောက်စေဖို့ ကူညီပေးမှာပါ။
ပါဝင်ပစ္စည်း
လိမ္မော်သီးတစ်လုံးရဲ့ အခွံ
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ရေ ၁ ခွက်
ပြုလုပ်နည်း
အရင်ဆုံး လိမ္မော်ခွံကို အစိပ်စိပ် အမွှာမွှာလုပ်လိုက်ပါ။ ရေကို ဒယ်အိုးထဲထည့်ပြီး လိမ္မော်ခွံထည့်ကာ ပွက်ပွက်ဆူအောင်တည်ပါ။ ပြီးရင် မီးဖိုပေါ်ကချလိုက်ပြီး ၁၀ မိနစ်လောက် အအေးခံပါ။
အဲဒီနောက် ခွက်ထဲထည့်ပြီး ပျားရည်ထည့်လိုက်ပါ။
ပြီးရင်သောက်ပေးနိုင်ပါပြီ။ တစ်နေ့ကို ၂ ခွက်ကနေ ၃ ခွက်ထိ ကျိုသောက်နိုင်ပါတယ်။ ချောင်းဆိုးမသက်သာမချင်း သောက်ပေးလို့ရပါတယ်။
[Zawgyi]
လိေမၼာ္သီးစားၿပီးလို႔ လိေမၼာ္ခြံကို အလဟသပ္ လြင့္ပစ္စရာမလိုေတာ့ပါဘူး။ လိေမၼာ္သီးကို အရသာရွိရွိစားၿပီးရင္ လိေမၼာ္ခြံကိုလည္း က်န္းမာေရးအတြက္ အသံုးျပဳလုိက္ရေအာင္ပါ။
လိေမၼာ္ခြံမွာလည္း ဗီတာမင္ဓာတ္၊ သတၱဳဓာတ္နဲ႔ Essential Oil ပါဝင္ၿပီး သင့္က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစပါတယ္။
ေခ်ာင္းဆိုေပ်ာက္ေစဖို႔အတြက္ ဘယ္လိုသံုးမလဲ
Antioxidant လည္းပါဝင္ၿပီး ေခ်ာင္းဆို ေပ်ာက္ေစဖို႔ ကူညီေပးမွာပါ။
ပါဝင္ပစၥည္း
လိေမၼာ္သီးတစ္လံုးရဲ႕ အခြံ
ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
ေရ ၁ ခြက္
ျပဳလုပ္နည္း
အရင္ဆံုး လိေမၼာ္ခြံကို အစိပ္စိပ္ အမႊာမႊာလုပ္လိုက္ပါ။ ေရကို ဒယ္အိုးထဲထည့္ၿပီး လိေမၼာ္ခြံထည့္ကာ ပြက္ပြက္ဆူေအာင္တည္ပါ။ ၿပီးရင္ မီးဖိုေပၚကခ်လိုက္ၿပီး ၁၀ မိနစ္ေလာက္ အေအးခံပါ။
အဲဒီေနာက္ ခြက္ထဲထည့္ၿပီး ပ်ားရည္ထည့္လိုက္ပါ။
ၿပီးရင္ေသာက္ေပးႏိုင္ပါၿပီ။ တစ္ေန႔ကို ၂ ခြက္ကေန ၃ ခြက္ထိ က်ိဳေသာက္ႏိုင္ပါတယ္။ ေခ်ာင္းဆိုးမသက္သာမခ်င္း ေသာက္ေပးလို႔ရပါတယ္။
Reference Link: https://www.onlymyhealth.com/orange-peel-tea-for-cough-cold-and-seasonal-flu-1572435183