အသက် ၃၅ နှစ်ဆိုတာ လူ့ဘဝသက်တမ်းရဲ့ သုံးပုံ ပုံရင် နှစ်ပုံ မြောက်အရွယ်ထဲကို စတင်ရောက်ရှိလာတဲ့အချိန်လို့ ပြောလို့ ရပါတယ်။ဒီလိုအရွယ်မှာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး စတင်သတိပြု နေထိုင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးအလေ့အထတွေကိုမျက်ကွယ်ပြုထားမယ်ဆိုရင် အသက်ကြီးလာတဲ့အချိန်မှာ တစ်စထက်တစ်စ ခန္ဓာကိုယ့်ရဲ့ယိုယွင်းလာမှုဒဏ်တွေကြောင့် စိတ်သွားတိုင်းကိုယ်မပါတော့ပဲ စိတ်ဓာတ်ကျလာပါ လိမ့်မယ်။ ဒါကြောင့် အသက် ၃၅ နှစ်နောက်ပိုင်း အခုပြောပြမယ့်အရာ တွေကိုလုံးဝစွန့်လွှတ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) တစ်ကိုယ်တည်းနေထိုင်ခြင်း

 

Source : Shutterstock

တစ်ကိုယ်တည်းသီးသန့်နေထိုင်တယ်ဆိုတာ တစ်ချို့အချိန်တွေအတွက်တော့ အရမ်းကိုကောင်းပါတယ်။သို့သော်လည်း ကိုယ့်ရဲ့ အချိန် တော်တော်များများကို တစ်ကိုယ်တည်းအထီးကျန်စွာဖြတ်သန်းခြင်းက ရေရှည်မှာအဆိုးဖက်ကို ဦးတည်နေတယ်ဆိုတာကိုတော့ သတိထားမိဖို့ လိုပါလိမ့်မယ်။မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်ကုန်ဆုံးခြင်းကသင့်ကို ပိုမိုပျော်ရွှင်စရာ ကောင်းတဲ့ ဘဝအချိန်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

(၂) လေ့ကျင့်ခန်းမလုပ်ခြင်း

Source : Shutterstock

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သတ်ပြီး အသက် ၃၅ နှစ် အရွှယ်မှာ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အချိန်မရှိလို့ မအားလို့ဆိုတဲ့ အကြောင်းပြချက်တွေ ပြနေဖို့ မသင့်တော်တော့ပါဘူး ။လေ့ကျင့်ခန်းအတွက် မဖြစ်မနေအချိန်ဖဲ့ပေးဖို့လိုလာပြီပဲဖြစ်ပါတယ်။ဒါမှလည်းကျန်ရှိနေသေးတဲ့ လူ့ဘဝသက်တမ်း တစ်လျောက်မှာ ကျန်းမာကြံ့ခိုင်စွာနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။အချိန်အများကြီးမပေးနိုင်ရင်တောင်မှ တစ်နေ့ကို ၁ နာရီခန့် Gym ဆော့ခြင်း စက်ဘီးစီးခြင်း ပြေးခြင်းစတဲ့လေ့ကျင့်ခန်းတွေပြုလုပ်ပေးသင့်ပါတယ်။

(၃) သွားကျန်းမာရေးကိုမေ့ထားခြင်း

Source : Shutterstock

လူ့ခန္ဓာကိုယ်မှာ အထူးတလည်ဂရုစိုက်ဖို့ လိုပေမယ့် တော်တော်များများမေ့ထားတဲ့အရာတစ်ခုက သွားနဲ့ပတ်သတ်တဲ့ ကျန်းမာရေးကိစ္စတွေပါပဲ။ သွားဆိုတာ နေ့စဉ်နဲ့အမျှ မိမိအစားအသောက် စားတဲ့အခါတိုင်းမှာ အလုပ်လုပ်နေရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါ။ဒါကြောင့် မနက်တစ်ကြိမ် ညတစ်ကြိမ်သွားပုံမှန်တိုက်ခြင်း မာတဲ့အရာတွေကိုသွားဖြင့်အလွယ်တကူကိုက်ဖွင့်မှုတွေကိုရှောင်ကျဉ်ခြင်း ၆ လတစ်ကြိမ် သွားဆရာဝန်နဲ့ ပြသခြင်းစတဲ့ ဂရုစိုက်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။

(၄) ဆေးလိပ်သောက်ခြင်း

Source : Shutterstock

ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွှာစွာထိခိုက်စေနိုင်ပါသည်ဆိုတဲ့ စာလေးကိုအားလုံးသိပြီးသားဖြစ်သလို ဆေးလိပ်ရဲ့ဆိုးကျိုးတွေ ကိုလည်း အထူးတလည်ပြောပြနေစရာ မလိုအောင်သိကြမှာဖြစ်ပါတယ်။ဆေးလိပ်ဟာ လူ့သက်တမ်းကိုတိုစေတဲ့ အန္တရာယ်အရှိဆုံး အရာတစ်ခု ဖြစ်သလို ကိုယ်သောက်လိုက်တဲ့ဆေးလိပ်ငွေ့ကြောင့် ကိုယ်ပတ်ဝန်းကျင်ကလူ တွေကိုပါဒုက္ခပေးနိုင်တဲ့ လူသတ်လက်နက် တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် မိမိအတွက်သာမက ပတ်ဝန်းကျင်အတွက်ပါ မကောင်းတဲ့ ဆေးလိပ်ကိုအသက် ၃၅ နှစ်မတိုင်ခင်ကတည်းက ဖြတ်ပစ်သင့်ပါတယ်။

(၅) အိပ်ချိန်ပုံမှန်မရှိခြင်း

Source : Shutterstock

အိပ်စက်ချိန်ဆိုတာ လူတစ်ယောက်အတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေကို သဘာဝအတိုင်းပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ကုန်စိတ်ရောလူပါ ပင်ပန်းထားသမျှကို ညဘက်မှာကောင်စွာပြန်လည်အိပ်စက်ခြင်း နဲ့ ပြန်လည်အားဖြည့်ပေးရတာပါ။ ဒီလိုမှမဟုတ်ပဲ ညဘက်တွေမှာလည်း အိပ်ချိန်လုံလောက်စွာမရဘူးဆိုရင် ကျန်းမာရေး ကိုအဆုံးရွှားဆုံးထိခိုက်လာစေမှာဖြစ်သလို မှတ်ဉာဏ်စွမ်းရည်နဲ့ ရုပ်ပိုင်းဆိုင်ရာတက်ကြွမှုတွေမှာပါ လျော့ကျလာစေမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့အိပ်ချိန်ကို သေချာသတ်မှတ်ပြီး လုံလောက်တဲ့အိပ်စက်မှုမျိုး မဖြစ်မနေဖန်တီးယူသင့်ပါတယ်။

Reference Source : https://www.lifehack.org/379250/16-unhealthy-habits-you-should-get-rid-of-by-turning-35-years-old