ခန္ဓာကိုယ် အနံ့အသက်ဆိုးတာဟာ လူငယ်တွေကြားမှာ အဓိကရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပါတယ်။

သင့်ကို အနံ့အသက်ဆိုးထွက်စေတဲ့အချက်တွေကို သိထားမယ်ဆိုရင် သင့်အနေနဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

၁။ စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများတာဟာ ချွေးပိုထွက်စေပြီး ခန္ဓာကိုယ် အနံ့သက်ဆိုးထွက်စေပါတယ်။

၂။ ပူပူစပ်စပ်အစားအစာတွေ

ပူပူစပ်စပ် အစားအစာတွေကို သင့်ချစ်သူနဲ့တွေ့တဲ့အခါ ရှောင်ပေးသင့်သလို၊ ကြက်သွန်ဖြူ ကြက်သွန်နီစားတာကိုလည်းရှောင်ပေးသင့်ပါတယ်။ ခံတွင်းနံ့နံစေသလို သင့်ခန္ဓာကိုယ်အတွက် အနံ့အသက်လည်းမကောင်းပါဘူး။

၃။ အရမ်းကျပ်တဲ့ အတွင်းခံ

သင်နဲ့ အရမ်းကျပ်တဲ့ အတွင်းခံတွေဟာလည်း သင့်ခန္ဓာကိုယ် အနံ့အသက်ဆိုးထွက်စေပါတယ်။ ဘရာကျပ်ကျပ်ကြောင့် ရင်ဘတ်နားမှာ ချွေးထွ်သန်စေပြီး သင့်ခန္ဓာကိုယ်ကို ချွေးနံ့ ထွက်စေပါတယ်။

၄။ အကျီကိုသေချာပြောင်အောင်မလျှော်ခြင်း

သင့်အကျီ အဝတ်အစားတွေကို သေချာပြောင်အောင်မလျှော်တာလည်း သင့်ခန္ဓာကိုယ်မှာ အနံ့သက်ဆိုးထွက်စေတဲ့ အချက်တစ်ခုပါပဲ။ အဝတ်စားမှာ ဘက်တီးရီးယားတွေကို သေချာပြောင်အောင်လျှော်ပေးမှ အဝတ်စားမှာ ကပ်ညှိနေတဲ့ အနံ့သက်ဆိုးတွေ သက်သာပျောက်ကင်းစေမှာပါ။

၅။ သွားသေချာပြောင်အောင်မတိုက်ခြင်း

သွားတိုက်တဲ့အခါမှာ ၂ မိနစ်လောက် အချိန်ယူတိုက်ပေးသင့်သလို၊ သွားကြားလေးတွေကိုလည်း သန့်ှရှင်းရေးလုပ်ပေးသင့်ပါတယ်။ သွားကိုခပ်မြန်မြန်တိုက်တာဟာလည်း ခံတွင်းနံ့ဆိုးစေပါတယ်။

၆။ ခြေအိတ်မဝတ်ခြင်း

ရှူးဖိနပ်စီးရင် ခြေအိတ်မဖြစ်မနေ ဝတ်ပေးသင့်ပါတယ်။ ခြေအိတ်မဝတ်တာဟာ ခြေစေးပိုထွက်စေပြီး ခြေထောက်ကနေ အနံ့သက်ဆိုးတွေ ဖြစ်ပေါ်စေလို့ သင့်ကို စွဲဆောင်မှုလျှော့စေပါတယ်။

၇။ ဆေးဝါးတွေကြောင့်

သင့်ကျန်းမာရေးအခြေအနေအရ သင်မှီဝဲနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ခန္ဓာကိုယ်မှာ အနံ့သက်ဆိုးထွက်စေပါတယ်။

၈။ အနီရောင်အသားတွေများများစားခြင်း

အမဲသားတို့လို အနီရောင်အဆင်းရှိအသားတွေကို များများစားတာဟာလည်း သင့်ခံတွင်းနံ့ကို ဆိုးစေပါတယ်။

၉။ မှန်ကန်တဲ့ ချွေးနံ့ပျောက်ဆေးမသုံးခြင်း

သင့်အတွက် သင့်တော်မှန်ကန်တဲ့ ချွေးနံ့ပျောက်ဆေးမသုံးတာဟာလည်း သင့်ချွေးနံ့ကို ပိုနံစေပါတယ်။ အထူးသဖြင့် အရက်ပါတဲ့ ချွေးနံ့ပျောက်ဆေးဟာ သင့်ကို ပိုပြီး ချွေးနံ့နံစေပါတယ်။