လူတိုင်းက အတွင်းခံဝတ်ကြပါတယ်။ အတွင်းခံဝတ်ထားတာ မသက်မသာဖြစ်ရင် တစ်နေကုန်နေလိုထိုင်လို့ အဆင်မပြေပါဘူး။

ဒါ့ကြောင့် ဘယ်လို အတွင်းခံမျိုးကို ဝတ်ဆင်သင့်လဲဆိုတာနဲ့ ကောင်းခြင်း ကျန်းမာရေးအတွက် သတိထားရမယ့် အချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Cotton မဝတ်ခြင်း

ဆိုလိုတာက ဝါနဲ့လုပ်ထားတဲ့ အတွင်းခံ (သို့) ချည်သား ကို မဝတ်တာပါပဲ။ ဒါဟာအရမ်းကိုဆိုးပါတယ်။ ကိုယ့်ရဲ့တကိုယ်ရေ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

ခပ်သေးသေး အတွင်းခံဝတ်ဆင်ခြင်း

အနားသတ်သေးတဲ့ ကျပ်တဲ့ အတွင်းခံတွေကို ဝတ်ဆင်တာက မကောင်းပါဘူး။ ဒါဟာ ဘက်တီးရီးယားတွေ ကိုယ်အတွင်း အလွယ်တကူ ဝင်ရောက်စေနိုင်ပါတယ်။

အတွင်းခံဝတ်အိပ်ခြင်း

အတွင်းခံဝတ်ပြီးအိပ်တာက အစိုဓါတ်များစေပြီး အင်္ဂါရောင်ရမ်းတာတွေ ဘက်တီးရီးယားဝင်ရောက်တာတွေ ဖြစ်စေပါတယ်။ ရောဂါကူးစက်မှုနှုန်း ဖြစ်ပွားမှုနှုန်းကိုလည်း မြင့်တက်စေပါတယ်။

နေ့လည်နေ့ခင်းမှာ မဝတ်ခြင်း

ညဖက်မှာဝတ်မအိပ်ရဘူးဆိုပေမဲ့ နေ့လည်နေ့ခင်းမှာမဝတ်တာဟာ သိပ်ကိုဆိုးပါတယ်။ ဘောင်းဘီကျပ်ကျပ် (သို့) ဂျင်းဘောင်းဘီတို့ဝတ်တဲ့နေရာမှာ ဟာလာဟင်းလင်းဖြစ်နေပြီး နေရထိုင်ရကျက်စေပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားတွေ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။

ကိုယ်နဲ့မတော်တဲ့ အတွင်းခံ

ကိုယ်နဲ့ ကြီးလွန်းနေတာ သေးလွန်းနေတာ ကြပ်လွန်းနေတာ စတဲ့ အတွင်းခံတွေကို ဝတ်ဆင်ခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။

အရောင်နဲ့ဝတ်ဆင်ခြင်း

အတွင်းခံကို အရောင်တောက်တောက်ဝတ်ဆင်တာဟာ မကောင်းပါဘူး။ အရောင်ဖျော့ဖျော့ ကိုပဲ ဝတ်ဆင်သင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးရင် အတွင်းခံမလဲခြင်း

လေ့ကျင့်ခန်းလုပ်ပြီးတဲအခါ ချွေးစိုနေတဲ့အဝတ်နဲ့ပဲ ဒီအတိုင်းမနေသင့်ပါဘူး။ အနံ့ဆိုးစေသလို အမျိုးသမီးတွေအတွက်ဆိုရင် ကိုယ်အင်္ဂါရောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ ပွန်းမိရှမိတာမျိုးလည်း ဖြစ်စေပါတယ်။

အခြောက်ခံက်နဲ့ အခြောက်ခံခြင်း

အတွင်းခံတွေကို အခြောက်ခံစက် (သို့) အဝတ်လျှော်စက်နဲ့ မလျှော်သင့်ပါဘူး။ အတွင်းခံ ပွန်းပဲ့ပြီး အလွယ်တကူ ပျက်ဆီးလွယ်ပါတယ်။ ဒါ့ကြောင့်လက်နဲ့ပဲလျှော်ပေးပြီး နေရောင်ခြည်နဲ့ပဲ အခြောက်ခံသင့်ပါတယ်။