အိမ်သာ၊ ရေချိုးခန်းနဲ့ရေဇလုံမှာ သန့်ရှင်းပြီး အနံ့ဆိုးတွေ ပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။
အိမ်သာ
သံပုရာ ရည်၊ မုန့်ဖုတ် ဆိုဒါ (Baking Soda)၊ ပန်းသီး ရှာလကာရည် တို့ကို ရောစပ်ပြီး အိမ်သာထဲမှာ ထည့်ထားပါ။ ပြီးမှ ဆပ်ပြာနဲ့ ဆေးကြောရင် အနံ့အသက်ဆိုးတွေပျောက်ကင်း စေနိုင်ပါတယ်။
Bathtub

Bathtub ကို Grapefruit နဲ့ ပင်လယ်ဆား တို့နဲ့ ရောနှောပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ Grapefruit ကို တစ်ဝက်ခြမ်းပြီး ဆားနဲ့နယ်ကာ Bathtub ကို တိုက်ပါ။ ပြီးရင် ရေနဲ့ ဆေးကြောပါ။ ဒါဆိုရင် သန့်ရှင်းပြီး မွှေးပျံ့သွားပါလိမ့်မယ်။ မီးဖိုချောင်သုံး Kitchen Board တွေကိုလည်း ဒီအတိုင်း ပြုလုပ်လို့ရပါတယ်။
ဘေစင်
ပိုတက်ဆီယမ် Bitartrate နဲ့သံပုရာ ရည်တို့ကို ရောပြီး သွားတိုက်တံ အဟောင်းနဲ့ တိုက်ပါ။ ဒါဆိုရင် ချွတ်မရတဲ့ ကပ်နေတဲ့ ကြေးတွေ ကျွတ်သွားပါလိမ့်မယ်။ ပြီးရင်ရေနဲ့ ဆေးချလိုက်ပါ။
ကြမ်းပြင်နဲ့ ကြွေပြား
စွန်းထင်းနေတဲ့ ကြေးတွေအတွက် Hydrogen Peroxide ကို ခွက် ၁ ခွက်ရဲ့ ၄ ပုံ ၁ ပုံ နဲ့ မုန့်ဖုတ်ဆိုဒါ ခွက် ၁၀က်ကို ရော၊ ပန်းကန်ဆေး ဆပ်ပြာ လက်ဖက်ရည်ဇွန်း ၁ဇွန်းစာနဲ့ ရောပြီး ကြမ်းပြင်နဲ့ကြွေပြားက ကြေးတွေကို ပြောင်လက်သွားအောင် တိုက်ချွတ်ဆေးကြောလို့ရပါပြီ။