ကျန်းမာလှပပြီးတော့ အနားလေးတွေ ညီညီညာညာဖြစ်အောင် ညှပ်ယူထားတဲ့ လက်သည်းလေးတွေလောက် ဘယ်အရာမှ ချစ်ဖို့မကောင်းနိုင်ပါဘူး။

ဒီလိုကိုယ့်ရဲ့အသွင်အပြင်အတွက် အင်မတန်အရေးကြီးတဲ့ လက်သည်းလေးတွေကို နေ့စဉ်ကြည့်ကောင်းနေစေဖို့အတွက် ဘယ်လို ထိန်းသိမ်း စောင့်ရှောက်ရမလဲဆိုတာကို အခုပဲဖော်ပြပေးလိုက်ရပါတယ်။

လက်ကိုအမြဲတမ်းဆေးကြောပါ

Source: Well+Good

လက်သည်းတွေနဲ့ လက်သည်းတစ်ဝိုက်ရှိ အသားအရေတွေမှာ အညစ်အကြေးတွေ လုံးဝရှိမနေဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် အညစ်အကြေးတစ်ခုခုကိုင်ပြီးတိုင်း ဆပ်ပြာသုံးပြီး လက်ကိုပြောင်စင်အောင် ဆေးကြောပေးပါ။

ညှင်သာပါ

လက်သည်းလေးတွေက အထိမခံတဲ့အတွက်ကြောင့် ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်လိုက်မယ်ဆိုပါက ရောဂါပိုးကူးစက်လွယ်သွားအောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သည့်အတွက် လက်သည်းညှပ်တွေမှာပါတဲ့ ချေးကလော်ချောင်းကို လက်သည်းအတွင်းပိုင်းအထိ ထိုးထည့်ကာ အသုံးမပြုပါနဲ့။

လက်သည်းနီဆိုးတိုင်း အောက်ခံသုံးပါ

Source: Lionesse Beauty Bar

အိမ်မှာလက်သည်းနီဆိုးမယ်ဆိုရင် ပေါ့ပေါ့လေးနေလိုက်နိုင်တာကြောင့် အောက်ခံတစ်ထပ်ဆိုးပေးဖို့ကို မေ့သွားနိုင်ပါတယ်။ လက်သည်းနီမဆိုးခင် အောက်ခံဆိုးပေးခြင်းက လက်သည်းတွေအရောင်ပြောင်းသွားခြင်းကို ကာကွယ်နိုင်ကာ လက်သည်းအရောင်ကိုလည်း ပိုပြီး တောက်ပြောင် လှပစေနိုင်ပါတယ်။

လက်တွေကို ကာကွယ်ပါ

အညစ်အကြေးတွေကို ကိုင်တွယ်တော့မယ်ဆိုတိုင်း ရာဘာ၊ ပလတ်စတစ် လက်အိပ်တွေကို အသုံးပြုပါ။ လက်အိတ်တွေမပါဘဲ ဆပ်ပြာရည်တွေနဲ့ ပန်းကန်တွေဆေးခြင်းက လက်သည်းတွေကို ပျော့စေကာ ကျိုးပဲ့လွယ်လာစေနိုင်ပါတယ်။

ပုံမှန်လက်သည်းညှပ်ပါ

Source: News Track English

အမြဲမှန်မှန် လက်သည်းညှပ်ပေးခြင်းကလည်း ဆံပင်ညှပ်ပေးရသလိုပဲ အင်မတန်အရေးပါပါတယ်။ နှစ်ပတ်တစ်ခါ လက်သည်းညှပ်ဖို့အတွက် အချိန်ပေးနိုင်အောင် ကြိုးစားပါ။

Featured Image Source: luxstudioanc.com