ဂေါ်ဖီပန်းပွင့်ကြော်ကတော့ မြန်မာတွေ အစားများတဲ့ ဟင်းလျာတစ်ခွက်ဘဲဖြစ်ပါတယ်။ ပန်းပွင့်မှာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အမျှင်ဓာတ်တွေနဲ့ Antioxidant ဓာတ်တွေပါဝင်တဲ့အပြင် နနွင်းနဲ့ပေါင်းကြော်လိုက်ရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တွေအားလုံးကို တစ်ပေါင်းတစ်စည်းတည်းရရှိမယ့် ဟင်းလျာဖြစ်သွားပါပြီ။
ပါဝင်ပစ္စည်းများ
- ဂေါ်ဖီပန်းပွင့်၁ပွင့်ကို လှီးလိုက်ပါ။
- ကြက်သွန်ဖြူ အနည်းငယ်လောက် လှီးပါ။
- နနွင်း လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်း
- ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
- အဲ့ဒါတွေကို မီးအေးအေးနဲ့ထည့်ကြော်လိုက်ပြီး ရေနွေးအနည်းငယ်နဲ့ ပေါင်းလိုက်ရင် အာဟာရပြည့်ဝတဲ့ ဟင်းလျာကို ရရှိမှာဖြစ်ပါတယ်။