တချို့ သူတွေဆိုရင် ကိုယ်အလေးချိန်လည်း မများ၊ ဝလည်းမဝပေမယ့် ဗိုက်နားကျတော့ ပူနေတတ်ကြပါတယ်။ ဗိုက်ပူတာကရော ဘယ်လိုအကြောင်းအရာတွေ ဆက်စပ်နေလဲဆိုတာကို ဝေမျှချင်ပါတယ်။
ချက်ရဲ့ အပေါ်ပိုင်း ဗိုက်က ပိုပူနေရင်
- ရုံးမှာ အထိုင်များတဲ့ အလုပ် လုပ်ခြင်း
- ချိုတဲ့ အစားအစာတွေ ကြိုက်ခြင်း
- အရက်သေစာ အလွန်အကျွံသောက်သုံးခြင်း
ဂရုစိုက်ရမယ့် အချက်များ
- အရက်ကို လျှော့သောက်ပါ
အရက်တွေ ဝိုင်တွေကို တစ်ပတ် ၃ကြိမ်ကနေ ၄ ကြိမ် အလွန်အကျွံသောက်ရင် ဗိုက်တွေမှာအဆီတွေ တက်လာတတ်ပါတယ်။ ဒါကြောင့် ၂ ပတ်လောက်မသောက်ဘဲနေပါ။ ၂ ပတ်ကျော်မှ သောက်ချင်ရင် တစ်ပတ်ကို ၁ ကြိမ် တစ်ခါသောက်ရင် တစ်ခွက်၊နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။
- အစားအစာကို ဂရုစိုက်ပါ။
အချိုတွေ သကြားတွေ ကိုလျှော့ပါ။ ကြက်ဥ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အခွံမာအသီးတို့ကို စားပေးပါ။
- လေ့ကျင့်ခန်းလုပ်ပါ။
Gym မသွားနိုင်ရင်တောင် လမ်းဝေးဝေးလျှောက်တာနဲ့အတူ Lunges, Squats, Reverse Push-Ups လေ့ကျင့်ခန်းတို့ကို အိမ်မှာ လုပ်ပေးပါ။
lunges
Squats
Revers push-ups
ချက်အောက်ပိုင်းက ပိုပူနေရင်
- လေ့ကျင့်ခန်း အလွဲအမှားတွေ လုပ်တာများတာ
- အစားအသောက်ကြောင့်
- ခါးရိုးပုံမမှန်တာ
ဂရုစိုက်ရမယ့် အချက်များ
အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ
အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံတို့ စားပေးပါ။
ရေများများသောက်ပေးပါ
ရေများများသောက်ပေးရင် အစာခြေရပိုလွယ်တာကြောင့် ဗိုက်ပူတာကိုလည်း သက်သာစေပါတယ်။