ကိုရီးယား အဆိုတော်တွေ သရုပ်ဆောင်တွေကြည့်လိုက်ရင် ဗိုက်လေးတွေက ပြားချပ်ချပ်လေး ခြေထောက်လေးတွေက သွယ်သွယ်လေးတွေနဲ့ သူတို့ကို သဘောကျလေ့ရှိတတ်ကြပါတယ်။ ဒါပေမယ့် တခါတရံသူတို့ ကိုယ်အလေးချိန် ထိန်းတဲ့ အစားအစာတွေက အာဟာရ ပါဝင်မှုတွေနည်းတာကြောင့် အန္တရာယ်များတတ်ပါတယ်။

ဒါပေမယ့် ခါးပတ်လည်မှာ အဆီတွေထူနေရင်လည်း နှလုံးရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို မြင့်စေပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်ထဲက အဆီတွေကို အလျင်အမြန် လျော့ချပေးနိုင်တဲ့ အစားအစာများအကြောင်းကို ဝေမျှချင်ပါတယ်။

ပန်းသီး

ပန်းသီးမှာ ဗီတာမင်တွေ၊ Antioxidants တွေပါဝင်မှုများပြီး ခါးပတ်လည်က အဆီတွေကို လောင်ကျွမ်းအနိုင်ဆုံး အစားအစာဖြစ်ပါတယ်။

တစ်နေ့ကို ပန်းသီး ၃လုံး စားပေးတာတို့ ကွေကာအုပ်ထဲမှာ ပန်းသီးထည့်စားပေးသင့်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီဖြစ်ပြီး သွေးအတွင်းက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို ဖယ်ရှားပေးပါတယ်။ အများအားဖြင့် သံလွင်ဆီရဲ့ ကျန်းမာရေးအတွက်ကောင်းတဲ့ ဓာတ်တွေကအပူပေးလိုက်ရင် ပျက်စီးသွားတာများလို့ အသုတ်သုပ်တဲ့အခါမျိုးမှာ ထည့်သွင်းရင် ပိုပြီး သင့်တော်ပါတယ်။

Citrus အသီးများ

Citrus အသီးများဖြစ်တဲ့ သံပုရာသီး၊ သံပုယိုသီး စတဲ့ အသီးတွေမှာ ဗီတာမင်စီဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အဆီတွေကို အလျင်အမြန်ချေဖျက်လွယ်ပါတယ်။ ဒါကြောင့် လိမ္မော်သီး၊ သံပုရာသီး၊ သံပုယိုသီးနဲ့ Grapefruit တွေကို ထမင်းတစ်နပ်နဲ့ တစ်နပ်ကြားမှာ စားတာဖြစ်ဖြစ် ဖျော်ရည်ဖျော်သောက်တာဖြစ်ဖြစ် သောက်သုံးသင့်ပါတယ်။

ပင်လယ်စာများ

လတ်ဆတ်ပြီး အရည်အသွေးမြင့်တဲ့ ပင်လယ်စာတွေမှာ Monounsaturated အဆီဓာတ်တွေပါဝင်ပြီး အဆီတွေစုလာတာကိုလည်း ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် Omega-3 Fatty အက်ဆစ်တွေလည်း ပါဝင်ပါတယ်။

ဖရဲသီး

ဖရဲသီးတွေမှာ ရေဓာတ်၊ ပိုတက်ဆီယမ်ဓာတ်တွေကြွယ်ဝတာကြောင့် အဆီပိုတွေစုလာတာ၊ ရောင်ရမ်းတာတို့ကို ကာကွယ်ပေးပါတယ်။