ခြေဖနောင့်မှ အပေါ်ရှိ ခြေသလုံးကြွက်သားများကို တွယ်ဆက်ပေးထားသော အရွတ်ရောင်ခြင်းဖြစ်ပြီး ခြေဖနောင့် တစ်လျှောက် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တင်းမာခြင်းတို့ဖြစ်နေတတ်ပါတယ်။

ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ ပုံမှန်အပြေးသမားများအနေနဲ့ ထိုအရွတ်ကို အသုံးပြုမှု အလွန်များခြင်း၊ ပုံစံမကျသော ဖိနပ်များဝတ်၍ လေ့ကျင့်ခန်းကို အလွန်အမင်းပြုလုပ်ခြင်း၊ လျှောစောင်းများ၊ လမ်းအမာများတွင် ပြေးခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်။

တစ်ခါတရံ ဘောလုံး၊ ဘတ်စကစ်ဘော ကစားသမားများတွင် အားပြင်းပြင်း နှင့် ခိုက်မိသောကြောင့် အာခီးလိစ် အရွတ် ပြဲခြင်းလည်း ဖြစ်ပေါ်တတ်ပါတယ်။ အရွတ်ပြတ်ခြင်းဟာ ကုသမှုစောလျင်စွာ လိုအပ်သောကြောင့် တတ်ကျွမ်းသောသမားတော် နှင့် ချက်ချင်းပြသရန် လိုအပ်ပါတယ်။

ဆားအလွန်အကျွံစားသုံးခြင်းရှောင်ကြဉ်ပါ

Source: standardmedia.co.ke

ထုပ်ပိုးပြီးသား အစားအစာတွေအားလုံးမှာ ဆိုဒီယမ် အငန်ဓာတ်ပါဝင်ပြီးတော့ ပမာဏအများအပြားစားသုံးမိပါက ခံစားနေရတဲ့ ဒဏ်ရာကို ပြန်လည်သက်သာစေမယ့် ခန္ဓာကိုယ်တွင်းက အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ဆုံးရှုံးစေနိုင်ပါတယ်။

အနားယူပါ

ဒီလိုဒဏ်ရာခံစားရပြီး နာကျင်နေပြီဆိုပါက သေချာပေါက်အနားယူပေးဖို့ အလွန်အရေးကြီးပါတယ်။ လှုပ်လှုပ်ရှားရှားနေတာကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး အနားယူဖို့သာ စဉ်းစားပါ။

သကြားရှောင်ပါ

Source: experiencelife.com

သကြားအများကြီး စားသုံးခြင်းက အနာကျက်တဲ့ဖြစ်စဉ်ကို နှေးကွေးသွားစေတာကြောင့် သကြားကိုလည်း အတတ်နိုင်ဆုံးရှောင်ပါ။

အိုမီဂါသရီး ဖက်တီးအက်စစ် သုံးစွဲပါ

Source: www.medicalnewstoday.com

အနာကျက်ရန်အတွက် လိုအပ်တဲ့ ဖက်တီးအက်စစ်ကို သုံးစွဲပေးပါက ကိုယ်ခံအားကောင်းစေကာ ရောင်ရမ်းခြင်းကိုလည်း ထိန်းချုပ်ပေးပါတယ်။ ပင်လယ်စာတွေ၊ ငါးတွေကို စားသုံးခြင်းဖြင့် ဒီအာဟာရဓာတ်ကို ရယူနိုင်ပါတယ်။

ရေခဲကပ်ပါ

Source: www.airforcemedicine.af.mil

နာကျင်မှုခံစားနေရတဲ့ နေရာကို ရေခဲကပ်ပေးပါ။ ရောင်ရမ်းခြင်းကို သက်သာစေမှာဖြစ်တာကြောင့် အိမ်မှာနေရင်း ရေခဲကပ်ပေးပါ။

Featured Image Source: verywellhealth.com