အခုလို ခေတ်မှီ အလှပြင်ပစ္စည်းတွေ မပေါ်ခင် ရှေးယခင် မေမေတို့ခေတ် ဖွားဖွားတို့ခေတ်က အလှပကို ဘယ်လို ထိန်းသိမ်းခဲ့ကြပါသလဲ။ ဒီလျှို့ဝှက်ချက်တွေကို ဒီနေ့ မျှဝေပေးသွားမယ်နော်။

၁။ တစ်ပတ်ကို တစ်ကြိမ် အုန်းဆီလိမ်းပြီး ခေါင်းလျှော်တယ်

ဆံကေသာသန်စွမ်းကျန်းမာစေဖို့ ခေါင်းမလျှော်ခင် ၂ နာရီ (သို့) ၄ နာရီလောက်ကတည်းက ဆံပင်အရင်းကနေ အဖျားထိ အုန်းဆီလိမ်းပေးပါ။ ပြီးရင် ဦးရေပြားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။ ပြီးရင် ၂ နာရီ (သို့) ၄ နာရီလောက်ထားပြီး ခေါင်းကို သေချာလျှော်ချလိုက်ပါ။ ညအိပ်ယာမဝင်ခင် လုပ်ပေးလည်းရပါတယ်။

၂။ ရေများများသောက်ကြတယ်

အသားအရေစိုပြေပြီး ရေဓာတ်ပြည့်ဝနေဖို့ ရေကို များများသောက်ခဲ့ကြပါတယ်။ ရေသောက်တာလောက် သင့်အသားအရေကို ပိုစိုပြေစေတဲ့အရာ မရှိတော့ပါဘူး။

၃။ သံလွင်ဆီနဲ့ အသားအရေကို အဟာရဖြည့်ပေးမယ်

အဆီပြန်တတ်တဲ့သူတွေတော့ လုပ်လို့မရပါဘူး။ သံလွင်ဆီလိမ်းရင် ဝက်ခြံပိုထွက်စေလို့ပါ။ အသားအရေ ခြောက်တဲ့သူအတွက် ရည်ရွယ်ပါတယ်နော်။ သံလွင်ဆီကို မျက်နှာပေါ်မှာ ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ မျက်နှာသေချာသစ်လိုက်ပါ။

၄။ တစ်နေ့ကို မျက်နှာ ၂ ကြိမ်သစ်မယ်

မျက်နှာကို မနက်တစ်ကြိမ် ညတစ်ကြိမ် ၂ ကြိမ်သစ်ပေးပါ။ တဦးတယောက်ချင်းရဲ့ အသားအရေ မိတ်ကပ်လိမ်းပေးမှုအပေါ်မူတည်ပြီး ၃ ကြိမ်လောက်လည်း သစ်ပေးနိုင်ပါတယ်။

၅။ မိတ်ကပ်ကို သေချာဖျက်မယ်

အပြင်ကနေ ပြန်လာရင် မိတ်ကပ်ကို သေချာ ဖျက်ပေးပြီး မျက်နှာ သေချာသစ်ပေးပါ။ ပြီးရင် ခရင်မ်တမျိုးမျိုးလိမ်းပြီးမှ အိပ်ယာဝင်ပါ။

၆။ ပျားရည်

ကြည်လင်စိုပြေတဲ့ အသားအရေ ရရှိစေဖို့ ပျားရည်နဲ့ ပေါင်းတင်ရအောင်

အသားအရေ စိုပြေစေနေဖိုပအတွက် ပျားရည်သုံးပေးသင့်ပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချပေးပါ။

၇။ မနက်ခင်းမှာ ပေါင်းတင်မယ်

မနက်ခင်းမှာ သံပုယိုရည်နဲ့ ကွေကာအုတ်အမှုန့်ရောပြီး မျက်နှာနဲ့ လည်ပင်းတို့ကို လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေသေချာဆေးချပါ။ ၂ ရက်ခြားတစ်ခါလုပ်ပါ။

၈။ ပြုံးပါ

ပြုံးတာလောက် သင့်ကို လှပစေတဲ့အရာ ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ကိုယ်သင်ချစ်ပါ။ ပြုံးပါ။