အခုလို မိုးတွင်းမျိုးမှာဆိုရင် မိုးမိလို့ဘဲဖြစ်ဖြစ် အေးလို့ဘဲဖြစ်ဖြစ် ချောင်းဆိုးတတ်ကြပါတယ်။ ဒါကြောင့် ချောင်းဆိုးတာကို သက်သာစေမယ့် သဘာ၀ ကြက်သွန်ကုထုံးလေးကို ဝေမျှချင်ပါတယ်။

ကြက်သွန်က တုပ်ကွေး၊ အေးမိခြင်းနဲ့ ချောင်းဆိုးရင်ကျပ်တို့ကို ပျောက်ကင်းနိုင်စွမ်းရှိပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန် ၁ လုံး
  • ရေ ၁လီတာရဲ့ တစ်ဝက်

7485310-3c14fe4b9f7a27c4f6bab1dad3_AzdlMzQ0ZjI0YjFk_alkaline-water-1476473524-650-bccefe92b7-1478596563

ပြုလုပ်နည်း

  • ကြက်သွန်ကို တောက်တောက်စဉ်းပြီးတော့ ရေ ၁လီတာရဲ့ တစ်ဝက်ထဲထည့်ပြီး အပူပေးပါ။ ပွက်ပွက်ဆူပြီး ကြက်သွန်နူးသွားတဲ့အထိ အပူပေးပါ။
  • ကြက်သွန်အပိုင်းအစတွေနဲ့ အဖတ်တွေကို ဆယ်ထုတ်ပါ။
  • အဖြူရောင် အဝတ်စကို ခုနက ကြက်သွန်အရည်ထဲမှာ နှစ်ပြီး မအေးခင်မှာ ရင်ဘတ်ပေါ်တင်ပေးပါ။
  • ညအိပ်ရာ မဝင်ခင် ၁၀ မိနစ်လောက်ကပ်ပြီးမှ အိပ်ပါ။

ဒီလိုနည်းနဲ့ ၃၊၄ညလောက်ဆက်တိုက်လုပ်ရင် ချောင်းဆိုး ရင်ကျပ်တာတွေ သက်သာ သွားမှာဖြစ်ပါတယ်။