ချဉ်ပြုံးပြုံးအရသာလေးနဲ့ ဇီးဖြူသီးသည် ဗီတာမင်စီအထူးကြွယ်ဝပြီး ကယ်လ်စီယမ်၊ ဖော့စ်ဖောရပ်စ်၊ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ခရိုမီယမ်နှင့် ဗီတာမင် A နှင့် B-complex တို့လို ဗီတာမင်နှင့် သတ္တုဓာတ်တို့လည်း ပါဝင်ပါသေးတယ်။ ဇီးဖြူသီးမှာ ရေဓာတ်ရှစ်ဆယ်ရာခိုင်နှုန်းရှိပြီး ကယ်လိုရီ ပါဝင်မှုနည်းပါးပါတယ်။

အစိမ်းလိုက်ဖြစ်စေ၊ အရည်ဖြစ်စေ၊ အခြောက်ခံ၊ ဆားစိမ်ပြီးပဲဖြစ်ဖြစ် မျိုးစုံလုပ်စားနိုင်သည့် ဇီးဖြူသီးက သင့်ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သည့်အတွက် မည်သည့်သော ကောင်းကျိုးများကိုပေးစွမ်းနိုင်သလဲ သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ဆံပင်အရှည်မြန်ခြင်း

ဆံကေသာ ခြောက်သွေ့ပျက်စီးနေလား၊ သဘာဝနည်းလမ်းကို အသုံးပြုလိုက်ပါ

ဗီတာမင်စီပါဝင်သည့်အတွက် အရွယ်မတိုင်ခင်ဆံပင်ဖြူခြင်း၊ ဆံသားခြောက်သွေ့ခြင်းနှင့် ဆံပင်ကျွတ်ခြင်းစသည့် ပြဿနာများကို ဖြေရှင်းရာတွင်ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် carotene နှင့်သံဓာတ်ပါဝင်မှုတို့က ဆံပင်အရှည်မြန်ခြင်းကို အထောက်အပံ့ဖြစ်စေပါတယ်။

မျက်လုံးအားကောင်းစေခြင်း

မျက်လုံးအားကောင်းဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

ဗီတာမင်စီနှင့် အခြား antioxidants များအပြည့်ပါဝင်သည့် ဇီးဖြူသီးသည် သွေးကြောမျှင်ကလေးများကို ကျန်းမာစေကာ မျက်ကြည်လွှာဆဲလ်များပုံမှန်အလုပ်လုပ်ဖို့ ကူညီပေးပါတယ်။ မျက်လုံးနီခြင်း၊ ယားယံခြင်းနှင့် မျက်ရည်ဝဲခြင်းတို့ကိုလည်း လျော့ကျစေပါတယ်။

ဇီးဖြူသီးအရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရေခွက်တစ်ဝက်ခန့်နှင့်ရောစပ်ပြီး ပျားရည်ထပ်ပေါင်းကာ မျက်လုံးအားကောင်းစေဖို့ မနက်တိုင်းသောက်သုံးပေးပါ။

ဆီးချိုကို ကူညီပေးခြင်း

ဆီးချို သို့မဟုတ် သွေးချိုမြင့်တက်ရာကို ကုသရန်အတွက် ကူညီပေးနိုင်ပါတယ်။ ဗီတာမင်စီပါဝင်မှုသည်လည်း သွေးအတွင်းရှိ ဂလူးကို့စ်လည်ပတ်ရန် ပန်ကရိယပုံမှန်အလုပ်လုပ်မှုကို ကူညီပေးပြီး ခန္ဓာကိုယ်အတွင်းရှိ albumin ပမာဏကိုလျော့ကျစေပါတယ်။

ဇီးဖြူသီး အမှုန့် သို့မဟုတ် အရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း သို့မဟုတ် နှစ်ဇွန်းကို ရေတစ်ခွက်နှင့်ရောစပ်ပြီး အစာမစားခင် မှန်မှန်သောက်ပေးခြင်းက ဆီးချိုရောဂါကိုထိန်းချုပ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားမြှင့်တင်ပေးခြင်း

သင့်ခန္ဓာကိုယ်ကို အအေးမိဖျားနာခြင်း၊ ကင်ဆာနှင့် အခြားရောဂါများဖြစ်ပွားလာမှုမှ ကာကွယ်ပေးပြီး ကိုယ်ခံအားကောင်းမွန်မှုအတွက် အဓိကဖြစ်သော သွေးဖြူဥပမာဏကိုမြင့်တက်စေပါတယ်။ သည့်အပြင် အစာစားချင်စိတ်ကိုလည်း တိုးပွားစေရန်ကူညီပေးပါတယ်။

ကိုလက်စထရောလျော့ချပေးခြင်း

ဇီးဖြူသီးကို မှန်မှန်စားသုံးပေးခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ မကောင်းသောကိုလက်စထရောများကိုလျော့ချပေးပြီး ကောင်းသောကိုလက်စထရောများကို မြှင့်တင်ပေးနိုင်ပါတယ်။

နှလုံးကိုကာကွယ်ပေးခြင်း

နှလုံးကြွက်သားများကို တင်းရင်းမှုရှိစေပြီး ခန္ဓာကိုယ်တစ်လျှောက်လုံး သွေးမှန်မှန်ထုတ်လွှတ်ပေးနိုင်ဖို့ ဇီးဖြူသီးများက အရေးကြီးတဲ့အခန်းတစ်ခုကနေ ပါဝင်ပါတယ်။ သံဓာတ်ပါဝင်မှုသည် သွေးနီဆဲလ်သစ်များထုတ်လုပ်မှုကိုမြှင့်တင်ပေးပြီး သွေးကြောများကို သန့်ရှင်းမှုရှိစေပါတယ်။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း

Antioxidants များ အမြောက်အမြားပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ရောင်ခြည်လှိုင်းပမာဏကို လျှော့ချပေးပြီး အရေးအကြောင်းများ၊ ပါးရေနားရေများ၊ အကွက်များကဲ့သို့သော အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို ကာကွယ်ပေးပါတယ်။

ခံတွင်းကျန်းမာရေးကိုထောက်ပံ့ပေးခြင်း

ဇီးဖြူသီးတွင်ပါဝင်သည့် ဗီတာမင်စီနှင့် အခြားအာဟာရဓာတ်များသည် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဘက်တီးရီးယားကို တိုက်ထုတ်ပေးပြီး သွားပိုးစားခြင်းကဲ့သို့သော ကူးစက်မှုများကိုကာကွယ်ပေးပါတယ်။