သင့်ရဲ့ သွား၊ ခံတွင်းနဲ့ သွားဖုံးတွေကို ကျန်းမာစေတဲ့ အကောင်းဆုံး နည်းလမ်းတွေကို သင်သိပါသလား။ ဒီနည်းလမ်းကတော့ သိပ်မခက်လှပါဘူး။ သင့်ရဲ့ သွားကို နေ့စဉ်တိုက်ပေးတာ၊ သွားကြားလေးတွေကို သန့်ရှင်းရေးလုပ်ပေးတာနဲ့ အာဟာရဓာတ်ညီညွတ်မျှတအောင်စားတာတွေပဲဖြစ်ပါတယ်။

photo-79289.jpg!d

သွားနဲ့ ခံတွင်းကျန်းမာရေးဆိုင်ရာတွေနဲ့ ပတ်သက်လို့ အဓိကကြုံတွေ့နေရတဲ့ ပြဿနာတွေကတော့ ခံတွင်းနံ့ဆိုးခြင်း၊ သွားတွေ ယိုယွင်း ပျက်စီးခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးနိမ့်ကျခြင်း၊ သွားဖုံးရောင်ခြင်း စတာတွေ ဖြစ်ပြီး လူတွေကို ရုပ်ပိုင်းဆိုင်ရာအရ ယုံကြည်မှု လျော့နည်းစေပါတယ်။

ခံတွင်းနံ့ဆိုးခြင်း

Pinhole_surgery_raleigh_nc

ခံတွင်းနံ့ဆိုးရတဲ့အကြောင်းရင်းတွေကတော့ သင်စားသုံးလိုက်တဲ့ အစားအစာတွေအပါအဝင် သွားနဲ့ခံတွင်းမှာ ကျန်ရစ်နေခဲ့တဲ့ အစားအစာတွေက ခံတွင်းထဲရှိ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာရတာပါ။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ အစာစားပြီးရင် ပလုတ်ကျင်းပေးတာမျိုး လုပ်ပေးသင့်ပြီး၊ ခံတွင်းနံ့ ရှင်းစေတဲ့ ပီကေဝါးပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

အခြား သင်သောက်သုံးနေတဲ့ဆေးဝါးတွေ၊ ကျန်းမာရေးပြဿနာတွေအပါအဝင် သင်ပုံမှန်စားသုံးနေတဲ့ အစားအစာတွေကြောင့်လည်း ခံတွင်းနံ့ဆိုးစေပါတယ်။ ခံတွင်းနံ့ဆိုးတာကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းတစ်ခုကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို လျှော့စားသင့်ပါတယ်။ အပြင်သွားမှာမျိုး၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့အခါမျိုးမှာတော့ ခံတွင်းနံ့ဆိုးစေတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။

သွားယိုယွင်းပျက်စီးခြင်း နဲ့ သွားပိုးစားခြင်း

1155974383_3ac7f09eb8_b

သွားပိုးစားခြင်းနဲ့ သွားယိုယွင်းပျက်စီးခြင်းတွေမဖြစ်အောင် ဆစ်ဂနယ်လိုမျိုး ကယ်လ်ဆီယမ်နဲ့ ဖရိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် သွားတိုက်ပေးပါ။ သွားတိုက်တဲ့အခါမှာ ၂ မိနစ်အနည်းဆုံး အချိန်ယူပြီး ဖြည်းဖြည်းချင်း တိုက်ပေးသင့်ပါတယ်။ Flossing လို့ခေါ်တဲ့ သွားပွတ်ကြိုးနဲ့ သွားကြားလေးတွေထဲထိ သန့်ရှင်းရေးလုပ်ပေးတာမျိုးကိုလည်း လုပ်ပေးသင့်ပါတယ်။ သွားတွေ ယိုယွင်းပျက်စီးမှု သွားပိုးစားမှုအပေါ် မူတည်ပြီး သွားဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။

သင်စားသုံးတဲ့ အစားအစာတွေကိုလည်း သေချာချင့်ချိန်စားသုံးပါ။ ဆိုဒါ၊ အချိုရည်နဲ့ Citrus Acid ပါတဲ့ အသီးတွေကို များများစားသုံးပေးခြင်းကနေ ရှောင်ကျဉ်ပေးသင့်ပါတယ်။

သွားဖုံးနိမ့်ကျခြင်း (Receding Gums) နဲ့ သွားဖုံးရောင်ခြင်း

Cold_test_with_ethyl_chloride

သွားဖုံးနိမ့်ကျခြင်းဆိုတာ သွားဖုံးရောင်ခြင်း၊ သွားဖုံးနီခြင်းနဲ့ သွားဖုံးသွေးယိုခြင်းစတဲ့ သွားဖုံးကျန်းမာရေးဆိုင်ရာ ပြဿနာရဲ့ ကနဦး လက္ခဏာရပ်ပါပဲ။ သွားတွေအမြစ်တွယ်နေတဲ့ သွားဖုံး ထိခိုက်ပျက်စီးပြီဆိုရင် သွားကျိုးတာ၊ သွားကြွေကျတာမျိုး ဖြစ်စေပါတယ်။

brush-oral-care-clean-41281

ဒါ့ကြောင့် နေ့စဉ်သွားပုံမှန်တိုက်ပေးတာ၊ သွားကြားလေးတွေထိ သန့်ရှင်းရေးလုပ်ပေးတာမျိုး လုပ်သင့်ပါတယ်။ ခံတွင်းသန့်စင်ဆေးရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ သွားကြိတ်တာ၊ အံကြိတ်တာမျိုးကို ရှောင်သင့်ပါတယ်။ တကယ်လို့ သွားကြိတ်တတ်တဲ့အကျင့်ရှိရင်လည်း Night Guard လို့ခေါ်တဲ့ ညအိပ်ရင် သွားမှာ စွပ်ပေးရတဲ့ ကိရိယာကို တပ်ဆင်ပေးသင့်ပါတယ်။