လူအများစုဟာ သူတို့ရဲ့အရပ်နဲ့ပတ်သက်ပြီး အလွန်ဂရုတစိုက်ရှိတတ်ကြလို့ ပိုပြီးအရပ်ရှည်တယ်ထင်ရစေဖို့ အချိန်အများကြီးပေးပြီး ကြိုးစား ကြပါတယ်။ တကယ်တမ်းမှာ သင့်အရပ်ဟာ မျိုးရိုးပေါ်လုံးဝအခြေခံထားတာမဟုတ်ဘဲ ခန္ဓာကိုယ်နဲ့အနေအထားပေါ်ကို သက်ရောက်စေတဲ့ ပတ်ဝန်းကျင်အခြေအနေများလည်း ရှိပါသေးတယ်။

ဒါကြောင့် အရပ်ပုလို့စိတ်ညစ်နေကြသူများအတွက် ဖြည်းဖြည်းချင်းနဲ့ အရပ်ရှည်လာအောင် ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အာဟာရပြည့်ဝစွာစားသုံးပါ

အာဟာရဓာတ်များ၊ ဗီတာမင်များပါဝင်တဲ့ ဆီလျှော်မှုရှိသော စားသောက်မှုပုံစံက သင့်ခန္ဓာကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီပေးနိုင်ပါတယ်။ ကယ်လ်စီယမ်က အရိုးများကိုသန်မာစေပြီး ဗီတာမင်ဒီက အရိုးကြီးထွားမှုနှင့် ကြွက်သားဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေပါတယ်။

၂။ နေသာသည့်အချိန်များတွင် လမ်းထွက်လျှောက်ပေးပါ

နေရောင်ခြည်မှနေပြီး သင့်တင့်မျှတတဲ့ ဗီတာမင်ဒီပမာဏကို ရရှိနိုင်သော်လည်း အလွန်ပူလောင်နေသည့်အချိန်များတွင်တော့ ထွက်မလျှောက် မိပါစေနဲ့။

၃။ လေ့ကျင့်ခန်းလုပ်ပါ

စနစ်တကျရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်း၊ အားကစားတွေက အရပ်ရှည်ဖို့ အကောင်းဆုံးပါပဲ။ တရှိန်ထိုးတိုးစေတာတော့မဟုတ်ပေမယ့်လည်း တစ်လက်မစီတိုးလာရန်နှင့် ပျော့ပျောင်းမှုရှိလာဖို့ သေချာပေါက်ကူညီပေးနိုင်ပါတယ်။

Hip Bridges

ပက်လက်လှန်အနေအထားမှာ ဒူးကိုကွေးလိုက်ပြီး တင်ကိုအပေါ်သို့ပင့်လိုက်ပါ။ ပြီးရင်ပုံမှန်အနေအထားပြန်သွားပြီး ထပ်ခါတလဲလဲလုပ်ပေးပါ။

Leg Stretches

နံရံကို လက်နဲ့ထောက်ထားပြီး မျက်နှာချင်းဆိုင်ရပ်ပေးပါ။ ကိုယ်အလေးချိန်ကို ခန္ဓာကိုယ်မှာထားထားပြီး ခြေထောက်တစ်ဖက်အား နံရံဆီသို့ဖြည်းဖြည်းချင်း ကပ်ပေးပါ။ စက္ကန့်သုံးဆယ်ကြာအောင် ထားပေးပြီးလို့ ကျောရိုးဆန့်သွားတယ်လို့ခံစားရရင် နောက်တဖက်ကိုလည်း ပုံစံတူလုပ်ပေးပါ။

၄။ ကိုယ်နေဟန်ထားမှန်စေပါ

လူအများစုဟာ အချိန်ကြာကြာထိုင်ရတဲ့အခါမှာ ခါးကုန်းလာတတ်ကြပါတယ်။ ဒီလိုပုံစံမျိုးက ကျောရိုးကိုကွေးသွားစေလို့ အရပ်ထွက်ဖို့ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ မှန်ကန်သည့်ကိုယ်နေဟန်ထားကို ပြင်ဆင်ပေးမယ်ဆိုရင်တော့ အရာရာတိုးတက်လာတာကို တွေ့မြင်နိုင်မှာပါ။

၅။ ယုံကြည်မှုအပြည့်ရှိပါ

မိမိကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုရင် သင့်ရဲ့ကိုယ်နေဟန်ထားလည်း တိုးတက်လာတာကို တွေ့မြင်နိုင်ပြီး စိတ်အနေအထားပြောင်းလိုက်ခြင်းက မှန်ထဲတွင်နေ့တိုင်းမြင်နေရတဲ့ ကိုယ့်ရဲ့ပုံရိပ်ကလည်း ပြောင်းလဲလာမှာပါ။

၆။ အိပ်ရေး၀၀အိပ်ပါ

အိပ်နေတဲ့အချိန်မှာပါ ခန္ဓာကိုယ်ကအလုပ်လုပ်နေတာဖြစ်လို့ တနေ့လျှင် ရှစ်နာရီကြအောင် အိပ်ချိန်ပြည့်ဖို့ လိုအပ်ပါတယ်။ အိပ်တဲ့အခါမှာလည်း အိပ်တဲ့ပုံစံက အရပ်ရှည်ဖို့အတွက် အလွန်အရေးပါလို့ ဖြစ်နိုင်လျှင် ခေါင်းအုံးမပါဘဲ ပက်လက်အိပ်ပေးပါ။

၇။ အရပ်ရှည်သယောင်ထင်ရတဲ့ အဝတ်အစားများ

သေသေချာချာ ရွေးချယ်ဝတ်ဆင်ထားတဲ့ အဝတ်အစားများက သင့်ကို အရပ်ရှည်သယောင်ထင်စေနိုင်ပါတယ်။ ပွဖောင်းနေတဲ့ အဝတ်အစာများနဲ့ အချို့ accessories များက သင့်ကိုပုသွားစေနိုင်လို့ ကိုယ့်ကိုအရပ်ရှည်သယောင်ထင်စေနိုင်တဲ့ ဖက်ရှင်ဒီဇိုင်းများကို လေ့လာပါ။

၈။ မကောင်းတဲ့အရာများကို ရှောင်ရှားပါ

ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း စတဲ့ အရာများက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးနှုန်းကို အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ရှောင်ရှားပေးပါ။