စိတ်ဖိစီးမှုအလွန်များခြင်း၊ စားသောက်မှုပုံစံညီညွတ်မှုမရှိခြင်း၊ ရောဂါပိုးကူးစက်ခြင်းများ နှင့် ဆေးဝါးများသောက်သုံးခြင်းတို့သည် သင့်ရဲ့အစာခြေဖျက်မှုစနစ်အတွက် လုံးဝကောင်းမွန်မှုမရှိပါ။ အစာခြေဖျက်ခြင်းသည် အလွန့်အလွန်ကိုဂရုစိုက်ပေးသင့်သော ခန္ဓာကိုယ်တွင်း ဖြစ်စဉ်များထဲမှ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဖောရောင်ခြင်း၊ လေတက်ခြင်း၊ ဝမ်းဗိုက်ပိုင်းမအီမသာဖြစ်ခြင်း စသဖြင့်သော ရောဂါလက္ခဏာများ ဖြစ်ပေါ်ခြင်းတို့ကို သဘာဝအတိုင်းကူညီပေးနိုင်မည့် အစားအစာများကို စားသုံးပေးခြင်းက အစာအိမ်အတွက်သာ သင့်တော်တာမက  ကိုယ်ခန္ဓာကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။

၁။ ဂျင်း

ဂျင်းတွင်ပါဝင်သည့်အစွမ်းသတ္တိများသည် ဂတ်စ်များ၊ အစာမကြေခြင်း၊ ပျို့အန်ခြင်းနှင့် ဖောရောင်ခြင်းတို့ဖြစ်ပေါ်မှုမှ ဟန့်တားပေးနိုင်ပါတယ်။ လှီးထားသည့်ဂျင်းအနည်းငယ်ကို ရေနွေးထဲထည့်ကျိုကာ ရရှိလာသည့် ဂျင်းရေနွေးကြမ်းကို မှန်မှန်သောက်သုံးပေးပါက သွားရည်၊ သည်းခြေရည်၊ အစာအိမ်အရည်ထုတ်လုပ်မှုတို့ကို တိုးတက်စေနိုင်ပါတယ်။

၂။ ဒိန်ချဉ်

အစာခြေဖျက်သည့်ဖြစ်စဉ်တွင် အဓိကအခန်းတစ်ခုဖြစ်သော ကောင်းမွန်သောဘတ်တီးရီးယားများ ပါဝင်မှုမြင့်မားသောကြောင့် အစာမကြေခြင်း၊ ဝမ်းသွားခြင်း နှင့် ဝမ်းချုပ်ခြင်းပြဿနာများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

၃။ ကန်စွန်းဥ

အခွံနှင့်တွဲဖက်စားသုံးပေးခြင်းက အစာအိမ်ကျန်းမာရေးပေါ်တွင် ကောင်းသည့်သက်ရောက်မှုရှိနိုင်ပြီး အမျိုးမျိုးသောအာဟာရဓာတ်များလည်း ပေါင်းစပ်ပါဝင်ပါသေးတယ်။ ထိုမျှသာမက အစာခြေယန္တရားတွင်ဖြစ်ပေါ်သောအနာ၊ အူသိမ်ထဲတွင်ဖြစ်သောအနာ နှင့် အခြားအူရောင်ရမ်းခြင်း ပြဿနာများအတွက်လည်း အထူးကောင်းမွန်သည့်အစားအစာတစ်ခုဖြစ်ပါတယ်။

၄။ ထောပတ်သီး

အရသာအလွန်ရှိသော ထောပတ်သီးသည် ကျန်းမာရေးနှင့်ညီညွတ်သည့် အစာခြေဖျက်လမ်းကြောင်းနှင့် ပန်ကရိယ၊ အသည်းနှင့် သည်းခြေအိတ်တို့ သင့်တင့်လျောက်ပတ်စွာလည်ပတ်ရန်အတွက် ကူညီပေးပါတယ်။ ထို့အပြင် အာဟာရဓာတ်များနှင့် ရေဓာတ်ပါဝင်မှုမြင့်မားသဖြင့် ကိုယ်အလေးချိန် လျော့ကျရန်အတွက်လည်း အကောင်းဆုံးသောအသီးအနှံတစ်ခုဖြစ်ပါတယ်။

၅။ အုတ်ဂျုံ

အုတ်ဂျုံတွင်ပါဝင်သည့် ဖိုက်ဘာသည် အူတစ်လျှောက်ပွတ်တိုက်သွားပြီး အစာများကိုမှန်မှန်ရွေ့လျားသွားစေကာ ဝမ်းချုပ်မှုကိုသက်သာစေမှာပါ။ မကြာခဏ အစာမကြေတတ်သူများ နေ့စဉ်စားသောက်မှုပုံစံတွင် အုတ်ဂျုံမှုန့်ကိုထည့်ပေးပါက အခြေအနေတိုးတက်လာနိုင်မှာဖြစ်ပါတယ်။

၆။ ငါးကြီးဆီ

အိုမီဂါသရီးဖက်တီးအက်စစ်အပြင် အဆီပျော်ဝင်နေသောဗီတာမင်အေနှင့်ဒီတို့လည်း ပါဝင်သောကြောင့် ရောင်ရမ်းမှုကိုသက်သာစေရုံသာမက အစာခြေဖျက်မှုကိုကောင်းမွန်စေရန်လိုအပ်သော ကိုယ်ခံအားကိုလည်းတည်ဆောက်ပေးပါတယ်။ ပမာဏအနည်းငယ်ကိုပင် နေ့စဉ်မှန်မှန် စားသုံးပေးပါက သိသိသာသာပြောင်းလဲလာမှုကို တွေ့နိုင်ပါတယ်။

၇။ ပန်းသီး

ပန်းသီးသည်လည်းပဲ အခွံနှင့်စားသုံးပေးပါက ပိုမိုကောင်းမွန်၍ ဝမ်းချုပ်မှုကိုသက်သာစေကာ အစာခြေဖျက်သည့်စနစ်မှတဆင့် အစားအစာများကို လျင်မြန်စွာရွေ့လျားစေနိုင်ပါတယ်။

၈။ ငှက်ပျောသီး

အူလှုပ်ရှားမှုအခြေအနေအလုပ်လုပ်မှုတွင် အဓိကအခန်းကဏ္ဍအနေဖြင့်ပါဝင်နေသည့် ငှက်ပျောသီးများသည် ဝမ်းသွားနေသူများစားသုံးရန် အထူးသင့်တော်ပါတယ်။ ဖိုက်ဘာမြင့်မားသည့်အတွက် အဆိပ်အတောက်များကိုစုပ်ယူခြင်းဖြင့် အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။