အချို့သောသူများသည် အိပ်စက်ခြင်းကို လိုအပ်မှုတစ်ခုအနေဖြင့် မဟုတ်ဘဲ ဇိမ်ခံမှုတစ်ခုအနေဖြင့်သာ သဘောထားကြပါတယ်။ တကယ်တမ်းတော့ အိပ်စက်ခြင်းကိုလည်း လေ့ကျင့်ခန်းလုပ်ခြင်း၊ မှန်ကန်သင့်တော်စွာအစာစားခြင်း တို့နည်းတူ အရေးကြီးသည့်အရာတစ်ခုအဖြစ် မှတ်ယူသင့်ပါတယ်။ ဘာလို့လဲဆိုတဲ့ အကြောင်းအရင်းလေးတွေကို ယခုပဲဖော်ပြပေးလိုက်ရပါတယ်နော်။

၁။ အာရုံစူးစိုက်နိုင်စွမ်းရည်

အရာရာတိုင်းတွင် အာရုံစူးစိုက်မှုသည် မရှိမဖြစ်လိုအပ်သောကြောင့် ကောင်းမွန်သောအိပ်စက်မှုကိုသာရရှိပါက သေချာအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

၂။ ကိုယ်ကာယလေ့ကျင့်ခန်း

အိပ်စက်နေချိန်တွင် ကိုယ်ခန္ဓာရှိ ကြွက်သားများမှာ အလိုလို ပြန်လည်သက်သာမှုရယူသည့်အတွက် အိပ်စက်ချိန်အပြည့်ရရှိတယ်ဆိုရင် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

၃။ စိတ်နေစိတ်ထား

အိပ်ရေးမဝသည့်အခါ ဦးနှောက်အတွင်း စိုးရိမ်ကြောင့်ကြမှုများ၊ စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ထိုအခြေအနေများဖြစ်လာခဲ့လျှင် မိမိသာမက အခြားသူများကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် အိပ်ရေး၀၀အိပ်ပါ။

၄။ ဆာလောင်မွတ်သိပ်မှု

သေသေချာချာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဘူးဆိုလျှင် ဆာလောင်မှုကိုဖြစ်ပေါ်စေသည့် ဟော်မုန်းများကို တိုးပွားစေသောကြောင့် အစားပိုစားမိကာ ကိုယ်အလေးချိန်တက်လာစေနိုင်ပါတယ်။

၅။ ထုတ်လုပ်နိုင်စွမ်းရည်

အိပ်စက်မှုလုံလုံလောက်လောက်ရရှိသည့်အခါ ဦးနှောက်မှနေပြီး တနေကုန်ကြုံတွေ့ရမည့် တာဝန်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် စိတ်နှင့်ကိုယ်ပိုင်းဆိုင်ရာ စွမ်းရည်များကို ပေးစွမ်းမှာဖြစ်ပါတယ်။

၆။ မှတ်ဉာဏ်အား

ဦးနှောက်သည် အိပ်စက်နေစဉ်အတွင်း အနားယူကာ သင်ယူခဲ့သမျှ အရာအားလုံးကို ပြန်လည်သိမ်းဆည်းနိုင်တာဖြစ်ပါတယ်။ အိပ်စက်ခြင်းသည် မှတ်ဉာဏ်များဖြစ်ပေါ်ရာ ဦးနှောက်အတွင်း အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၇။ စွမ်းအင်

အိပ်ရေးမဝခြင်းသည် သင့်အား လုပ်ချင်ကိုင်ချင်စိတ်ပျောက်သွားစေပြီး ပင်ပန်းနွမ်းလျမှုကို ဖြစ်ပေါ်စေသည့်အတွက် လုပ်နိုင်စွမ်းရည်လည်း ကျဆင်းသွားမှာဖြစ်ပါတယ်။

၈။ ပြဿနာဖြေရှင်းနိုင်စွမ်း

အိပ်နေစဉ်အတွင်း ဦးနှောက်၏ကွဲပြားသော အစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခုချိတ်ဆက်၍ မိမိဖြေရှင်းလိုသော ပြဿနာများတွက် အကြံဉာဏ်များပေါ်ပေါက်စေပါတယ်။