ကလေးငယ်တွေအတွက် မိခင်နို့က အကောင်းဆုံး အဟာရဖြစ်ပါတယ်။ မိခင်နို့မှာ အဆီဓာတ်၊ သကြားဓာတ်၊ ရေနဲ့ ပရိုတင်းဓာတ်တွေ အပြည့်အစုံပါဝင်တဲ့အပြင် ရောဂါကို ခုခံနိုင်တဲ့ ဓာတ်တွေလည်း အစုံအလင် ပါဝင်ပါတယ်။ အဲ့ဒီအပြင် ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အာဟာရဓာတ်တွေလည်း များစွာ ပါဝင်ပါတယ်။

ဒါပေမယ့် မီးဖွားပြီးတဲ့ မိခင်တွေမှာ မိခင်နို့ လုံလောက်စွာ မထွက်တဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေက မိခင်နို့ ထွက်ရှိမှုနှုန်းကို များစေပြီး အာဟာရရှိတဲ့ မိခင်နို့ ရရှိဖို့ ကူညီပေးမှာဖြစ်ပါတယ်။

oatmeal-weight-loss

ကွေကာအုပ်

ကွေကာအုပ်က နို့တိုက်နေတဲ့ မိခင်တွေအတွက် နို့ထွက်နှုန်းကို များစေတဲ့အပြင် နို့ရဲ့ အရည်အသွေးကိုပါ တိုးတက်စေပါတယ်။ ကွေကာအုပ်မှာ Oxytocin ဓာတ်ကို ထုတ်လုပ်ပေးနိုင်ပြီး ကလေးမီးဖွားတဲ့ အဆင့်မှာရော၊ ကလေးရဲ့ အရိုးကျန်းမာသန်စွမ်းရေးအတွက်ရော မိခင်နို့အတွက်မှာ အကျိုးရှိစေတဲ့ ဓာတ်ဖြစ်ပါတယ်။

မွေးဖွားပြီးခါစ မိခင်တွေမှာ ကြုံတွေ့ရတတ်တဲ့ သံဓာတ်ချို့တဲ့မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကလေး မွေးဖွားပြီးနောက် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျနေတဲ့ မိခင်တွေက ကွေကာအုပ် နွေးနွေးလေး သောက်သုံးသင့်ပါတယ်။

ဒါပေမယ့် အသင့်သောက်သုံးလို့ရတဲ့ ကွေကာအုပ်တွေကိုတော့ မသောက်သုံးသင့်ပါဘူး။ ကွေကာအုပ် အကြမ်းကို ပျားရည်၊ အခွံမာအသီးတချို့ နဲ့ ကုံကုမံ (Saffron)တို့နဲ့လည်း ရောနှော ကျိုပြီး သောက်သုံးနိုင်ပါတယ်။

Orange-good-for-health-with-vitamin-C

လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင် စီ ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် မိခင်နို့အတွက် အရေးပါတဲ့ အသီးအနှံဖြစ်ပါတယ်။

ဒါ့အပြင် လိမ္မော်သီးမှာ တခြား အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ကယ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ် နဲ့ Phosphorus ဓာတ်တို့ ပါဝင်ပါတယ်။ သူတို့က ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

နို့ိတိုက်နေချိန်မှာ တစ်နေ့ကို လိမ္မော်သီး ဖျော်ရည် ၂ ခွက် နေ့စဉ် သောက်သုံးသင့်ပါတယ်။ ဒါပေမယ့်တစ်နေ့ကို လိမ္မော်သီး ဖျော်ရည်အများကြီး မသောက်သုံးသင့်ပါဘူး။ သူ့မှာ Citric အက်စစ်ဓာတ်ပါဝင်တာကြောင့် ကလေးကို လေပွစေပါတယ်။

051129001-01-miso-salmon-asparagus-recipe_xlg

ဆယ်မွန်ငါး (Salmon)

ဆယ်မွန်ငါး (Salmon) ကို ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့ တိုက်ကျွေးချိန်တွေမှာ စားသုံးသင့်ပါတယ်။ ဆယ်မွန်ငါး (Salmon) မှာ ပရိုတင်းဓာတ်နဲ့ DHA ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး ကလေးငယ်ရဲ့ အာရုံကြောစနစ်ကို ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ Omega-3 Fatty အက်စစ်တို့လည်း ပါဝင်ပါတယ်။ ကလေးမွေးြ့ပီး မိခင်တွေမှာ လျော့နည်းတတ်ကြတဲ့ ဗီတာမင် D ကလည်း ဆယ်မွန်ငါးမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။

တစ်ပတ်ကို ဆယ်မွန် ငါးကို ဖုတ်ပြီးဖြစ်စေ ကင်ပြီးဖြစ်စေ စားသုံးသင့်ပါတယ်။