လေဖြတ် ရောဂါဟာ ဦးနှောက် ကို သွေးစီးဆင်းမှု ရပ်ဆိုင်း သွားခြင်း ဒါမှမဟုတ် လျော့နည်း သွားခြင်း တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်တစ်ခုပဲဖြစ်ပါတယ်။ လေဖြတ်ရောဂါဟာ အမေရိကန်ပြည်ထောင်စုမှာ လူသေဆုံးမှုအများဆုံး ၅ ခုမြောက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ လေဖြတ်ရောဂါဖြစ်နေပြီဆိုတာကို ကြိုတင်သိရှိနိုင်ဖို့ လေဖြတ်ရောဂါရဲ့ ရှေးပြေးလက္ခဏာရပ်တွေကို မျှဝေပေးချင်ပါတယ်။

လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ပုံမှန်ဆောင်ရွက်နိုင်ဖို့ လုံလောက်တဲ့သွေး ပမာဏမရရှိဘူးဆိုရင် ဦးနှောက် အစိတ်အပိုင်းနဲ့ သက်ဆိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီး လေဖြတ် ရောဂါလက္ခဏာရပ်တွေ ပေါ်ပေါက်လာရတာပါ။

အမြင်အာရုံဝေဝါးခြင်း

Trouble-Seeing

ရုတ်တရက် မျက်လုံးတစ်ဖက်တည်း (သို့) မျက်လုံးနှစ်ဖက်လုံး အမြင်အာရုံေ၀ဝါးတာ နှစ်ထပ်မြင်တာမျိုးတွေဖြစ်တတ်ပါတယ်။ ရုတ်တရက် ဝါးသွားတာ မှောင်မဲသွားတာမျိုး ကြည့်ရတာ လက်ခဲတာမျိုးဖြစ်တတ်ပါတယ်။

ဒယိမ်းဒယိုင်ဖြစ်ခြင်း

Loss-of-Balance

ရုတ်တရက် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်မှုမရှိခြင်း လမ်းလျှောက်တာမမှန်တော့ခြင်းမျိုးတွေဖြစ်တတ်ပါတယ်။ လမ်းလျှောက်ရင် ဒယိမ်းဒယိုင်ဖြစ်လာပြီဆိုရင် မပေါ့သင့်ပါဘူး။

စကားပြောဖို့ခက်ခဲလာခြင်း

Difficulty-Speaking

ရုတ်တရက် စကားပြောဖို့ခက်ခဲခြင်း၊ စကားလုံးမပီသခြင်းတို့ဖြစ်တတ်ပါတယ်။ ဒါဟာ လေဖြတ်ရောဂါဖြစ်နိုင်တဲ့ ၇၂% ရှိတာမို့ ဒီလိုဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။

လက် (သို့) ခြေထောက်အားနည်းခြင်း

Weakness-in-arm-or-leg

ခြေထောက်(သို့) လက်မှာ အားနည်းလာတာမျိုးဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ခြေတစ်ဖက် ထုံတာ လက်ထုံတာ မျက်နှာထုံတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ရုတ်တရက်နာကျင်ခြင်း

Sudden-Headache

နာကျင်တာဟာလည်း လေဖြတ်ရောဂါနဲ့စပ်ဆက်နေပါတယ်။ လက်မောင်း၊ ခြေထောက် ရုတ်တရက်နာကျင်တာ (သို့) မျက်နှာတစ်ခြမ်း (သို့) ရင်ဘတ်တစ်ခြမ်းရုတ်တရက်နာကျင်တာမျိုးဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်ခြင်း

Mental-Changes

ဒီလက္ခဏာရပ်က အမျိုးသမီးတွေမှာ အများအားဖြင့်ဖြစ်တတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာရပ်တွေ ခံယူချက်တွေ ရုတ်တရက် ပြောင်းလဲသွားတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ရုတ်တရက် ခေါင်းကိုက်ခြင်း

Sudden-Pain

ရုတ်တရက် အကြောင်းပြချက်မဲ့ ခေါင်းအပြင်းအထန်ကိုက်တာကလည်း လေဖြတ်နိုင်တဲ့ လက္ခဏာရပ်တစ်ခုပါပဲ။ ဒီလိုမကြာခဏဖြစ်ရင် မပေါ့ဆသင့်ပါဘူး။

မျက်နှာထုံခြင်း

Facial-Weakness

ရုတ်တရက် မျက်နှာထုံနေပြီဆိုရင်လည်း လေဖြတ်နိုင်ပါတယ်။ ပြုံးလိုက်တဲ့အခါမှာ မျက်နှာတစ်ခြမ်းက လုံးဝမရွှေ့ဘဲဖြစ်နေတယ်ဆိုရင် ဆေးရုံ ဆေးခန်းအမြန်ဆုံးသွားသင့်ပါတယ်။ မျက်ခွံ နဲ့ မျက်နှာကြွက်သားတို့ ဆတ်ကနဲ့ ဆတ်ကနဲ့ တွန့်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

Side profile of a young woman holding her forehead

လေမဖြတ်ခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာ ပင်ပန်းနွမ်းနယ်တာမျိုးဖြစ်နိုင်ပါတယ်။ ရုတ်တရက် အကြောင်းပြချက်မဲ့ ပင်ပန်းတာမျိုး၊ အားနည်းတာမျိုးဖြစ်တတ်ပါတယ်။ လေဖြတ်ပြီးနောက်ပိုင်းလည်း ပင်ပန်းနွမ်းနယ်နေတာမျိုး ဖြစ်ပါတယ်။

ရုတ်တရက် ကြို့ထိုးခြင်း

Sudden-Hiccups

ရုတ်တရက် ကြို့ထိုးတာကလည်း အသေးအမွှားဆိုပေမဲ့ လေဖြတ်တဲ့လက္ခဏာရပ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာရပ်တွေအပါအဝင် ကြို့ထိုးမယ်ဆိုရင် လေဖြတ်တဲ့ ရှေးပြေးလက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။

ကျန်ရှိတဲ့ လေဖြတ်နိုင်တဲ့ ရှေးပြေးလက္ခဏာရပ်တစ်ချို့ကတော့

ဦးခေါင်း နောက် စေ့မှာ ကိုက်ခဲခြင်း၊ ခြေလက်များ မကြာခဏ ကျဉ်ခြင်း၊ မကြာခဏ ဝမ်းချုပ်ပြီး ဝမ်းဗိုက် လေပွခြင်း၊ ည အိပ်နေရင်း ထုံကျဉ် ပြီး လန့်နိုးခြင်းတို့ဖြစ်ပါတယ်။ ဒါ့အပြင် ခြေတစ်ဖက်ထုံတာ၊ လက်ထုံတာ၊ ရုတ်တရက် သူများပြေားတာကိုနားမလည်တာ၊ ရုတ်တရက်မူးဝေတာ၊ ရုတ်တရက် လမ်းမလျှောက်နိုင်တော့တာမျိုးတွေဖြစ်ပါတယ်။