အရည်ရွှမ်းပြီး အရသာရှိတဲ့ လိမ္မော်သီးကို မကြိုက်သူခပ်ရှားရှားဖြစ်မယ်ထင်ပါတယ်။ လိမ္မော်သီးဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသာမက ကျန်းမာရေးအတွက်လည်းများစွာအထောက်အကူပြုစေပါတယ်။

လိမ္မော်သီးတစ်လုံးမှာ ကယ်လိုရီ ၈၅ ပဲပါဝင်ပြီး အဆီမပါသလို ဆိုဒီယမ်နဲ့ ကိုလက်စထရောလည်း မပါဝင်ပါဘူး။ လိမ္မော်သီးစားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ်ခံအားစနစ်

orange-diebetes

လိမ္မော်သီးကို အအေးမိ ဖျားနာတာတွေ ကို ကုသဖို့အတွက် အကောင်းဆုံးရွေးချယ်စားသုံးပေးသင့်တဲံအသီးပါ။ ကိုယခံအားစနစ်ကိုမြင့်တင်ပေးတာကြောင့်ဖြစ်ပါတယ်။ဗီတာမင် C အများအပြားပါဝင်လို့ ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။

နှလုံး

orange-heart

ဗီတာမင် C အပြင် ပိုတက်ဆီယမ်ဓါတ်တွေပါဝင်လို့ နှလုံးရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။

အသားအရေ

home-made-masks-oranges

လိမ္မော်သီးမှာ ပါဝင်တဲ့ ဗီတာမင် C ဟာ လေထုညစ်ညမ်းမှု ၊ နေရောင်ချည်ထိတွေ့မှုကြောင့် အသားအရေ ထိခိုက်ပျက်ဆီးခြင်းကနေကာကွယ်ပေးပါတယ်။ လိမ္မော်သီမှာ Beta Carotene လို့ခေါ်တဲ့ Antioxidant တစ်မျိးပါဝင်ပြီး အသားအရေထိခိုက်ပျက်ဆီးမှုကနေ ကာကွယ်ပေးရုံသာမက အသားအရေပြုပြင်ပေးပြီး ပိုမိုလှပစေပါတယ်။

ဆီးချို

orange-juice-immune-system

ဆီးချိုသမားတွေအတွက် လိမ္မော်သီးကို အတန်အသင့် စားသုံးပေးနိုင်ပါတယ်။ လိမ္မော်သီးမှာ အမျှင်ဓတ်တွေကြွယ်ဝစွာပါဝင်ပြီး သွေးတွင်းသကြားဓါတ်ကို လျှော့နည်းစေပါတယ်။

ငယ်ရွယ်သူတွေမှာဖြစ်တတ်တဲ့ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာအတွက် စားသုံးပေးနိုင်ပါတယ်။ ဆီးချိုအမျိုးအစား (၂) သမားတွေကတော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။

ကိုယ်အလေးချိန်ကျစေခြင်း

Healthy Orange

လိမ္မော်သီးကိုစားပေးတာဟာ ကိုယ်အလေးချိန်တက်မလာအောင် ထိန်းထားပေးနိုင်တဲ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ကိုယ်အလေးချိန်ကျချင်တဲ့ ပျိုမေတို့ စားပေးသင့်ပါတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း

healthy-vision-1

ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေပါတယ်။ ညဖက်မှာလည်း အမြင်အာရုံကိုတိုးတက်စေပါတယ်။

ကင်ဆာ

orange-cholesterol

အူမကြီး အရေပြား နဲ့ ရင်သားကင်ဆာအပါဝင် တခြားကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်လို့ လိမ္မော်သီးကိုစားပေးသင့်ပါတယ်။

ကျောက်ကပ်

orange-juice-immune-system

ကျောက်ကပ်ကျန်းမာရေးအတွက် လိမ္မော်သီးကိုစားပေးသင့်ပါတယ်။ ဒါပေမဲ့လိမ္မော်ရည်ကို များများသောက်မယ်ဆိုရင်တော့ သကြားဓါတ်ပါဝ်ငမှုများတာကြောင့် သွားကိုထိခိုက်စေပါတယ်။

ရေဓါတ်ဖြည့်ပေးနိုင်ခြင်း

woman-drinking-orange-juice

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး အရည်ရွှမ်းတဲ့အသီးဖြစ်လို့ ရေဓါတ်ကိုထိန်းထားနိုင်တဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါတင်မက အဟာရဓါတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။

ကိုလက်စထရော

oranges-cancer

လိမ္မော်ရည် (သို့) လိမ္မော်သီးကို ပုံမှန်စားပေးသောက်ပေးတာဟာ ကိုလက်စထရောကျစေပါတယ်။