သင်တနေ့တာသောက်သုံးသည့် ရေပမာဏသည် ကျန်းမာကြံ့ခိုင်သောကိုယ်ခန္ဓာကို ထိန်းသိမ်းရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ဒါကြောင့် တနေ့လျှင် ရှစ်ခွက်မှ ဆယ်ခွက်အထိ ရေသောက်ပေးဖို့လိုအပ်ပါတယ်။ ကယ်လိုရီများ၊ အဆီ၊ ကာဗိုဟိုက်ဒရိုတ် သို့မဟုတ် သကြား စသည်တို့မပါဝင်တာကြောင့် ကျန်းမာရေးနှင့်ပတ်သက်၍ အန္တရာယ်ကိုပူစရာမလိုတော့ပါဘူး။

ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပုံမှန်အလုပ်လုပ်ဖို့ ရေကိုအထူးလိုအပ်တာကြောင့် ရေဓာတ်အပြည့်ရှိနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ရေသောက်သုံးပေးခြင်းဖြင့် မည်သည့်အကျိုုးကျေးဇူးများ ခံစားနိုင်သလဲသိရှိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

ပင်ပန်းနွမ်းလျမှုကို ကင်းဝေးစေခြင်း

ရေဓာတ်ကုန်ခမ်းခြင်း၏ ပထမဆုံးသောလက္ခဏာဖြစ်သည့် ပင်ပန်းနွမ်းလျခြင်းကို ကာကွယ်နိုင်ရန်အတွက် လုံလောက်သည့်ရေပမာဏကို မှန်မှန်သောက်သုံးပေးဖို့လိုပါတယ်။

စိတ်ခံစားမှုကောင်းစေခြင်း

ခန္ဓာကိုယ်မှရေဓာတ်ကုန်ခမ်းလာခြင်းသည် သင့်ရဲ့စိတ်ခံစားချက်နှင့် စဉ်းစားနိုင်စွမ်းရည်တို့အပေါ် ဆိုးရွားစွာသက်ရောက်စေနိုင်ပါတယ်။ ဆီးအရောင်ကောင်းခြင်းက ရေဓာတ်ပြည့်နေကြောင်းကို ဖော်ပြနေတာကြောင့် အမြဲသတိရှိနေပါ။

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းထိုးခြင်းတို့ကို သက်သာစေခြင်း

ထိုသို့ကိုက်ခဲမှုဝေဒနာများကို ခံစားလာရပြီဆိုလျှင် တတ်နိုင်သမျှ ရေများများသောက်ပေးပါ။ ရေသောက်သုံးမှုများခြင်းက ခေါင်းကိုက်ခြင်း၊ ခေါင်းထိုးခြင်း နာကျင်ဝေဒနာခံစားရသည့် ကြာချိန်ကို လျော့ချပေးနိုင်ပါတယ်။

အစာခြေဖျက်ခြင်းနှင့် ဝမ်းချုပ်ခြင်းကို ကူညီပေးခြင်း

လုံလောက်သည့်ရေပမာဏကို သောက်သုံးပေးခြင်းက ကိုယ်ခံအားကောင်းမွန်စေပြီး အစာများခြေဖျက်ရာတွင်လည်း အထူးကူညီပေးပါတယ်။ အထူးသဖြင့် ရေနွေးနွေးလေးကို သောက်သုံးပေးမယ်ဆိုရင် အစာခြေဖျက်ခြင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကိုယ်အလေးချိန်ကျဆင်းစေခြင်း

ရေများများသောက်ထားခြင်းက အစာစားချင်စိတ်ကို ဖိနှိပ်ပေးသည့်အတွက် ကိုယ်အလေးချိန်ကျဆင်းစေရန်ကူညီပေးပါတယ်။ ထို့အပြင် ခန္ဓာကိုယ်အတွင်းရှိအဆီများကို လောင်ကျွမ်းစေရန်လည်း ကူညီပေးတာကြောင့် ရေကိုမှန်မှန်သောက်သုံးပေးပါ။

အဆိပ်အတောက်များဖယ်ရှားပေးခြင်း

အူမကြီးနဲ့ အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့

ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ၊ အဆိပ်အတောက်များကို ချွေးများ၊ ဆီးတို့အနေဖြင့် ပြန်လည်ထုတ်လုပ်ပေးပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် တနေ့လျှင် သင့်တင့်မျှတသည့်ရေပမာဏကို မမေ့မလျော့ဘဲ သောက်သုံးပေးဖို့အလွန်အရေးကြီးပါတယ်။

ကျန်းမာလှပသည့်အသားအရေကို ရရှိစေခြင်း

ရေသည် ကိုယ်ခန္ဓာကိုပဲရေဓာတ်ဖြည့်တင်းပေးတာမဟုတ်ဘဲ ဆံခြည်မျှင်သွေးကြောများကိုပါ တိုးတက်ကောင်းမွန်စေသည့်အတွက် ပိုမိုကျန်းမာပြီး ငယ်ရွယ်သောအသွင်ရှိသည့် အသားအရေကို ရရှိစေတာဖြစ်ပါတယ်။ ပျက်စီးသွားသောအသားအရေများကို ပြန်လည်ကောင်းမွန်စေကာ အသားအရေကိုစိုပြေမှုရှိစေခြင်း၊ တင်းတင်းရင်းရင်းရှိစေခြင်း စသည့်ကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်ပါတယ်။