အရိုးပွရောဂါဟာ သွေးဆုံးပြီး အမျိုးသမီးတွေ ၊ သက်ကြီးရွယ်အိုတွေ ၊ အရိုးအဆစ် သေးတဲ့သူတွေ၊ မိသားစု မျိုးရိုးရှိသူတွေ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ Estrogen ဟော်မုန်းနဲ့ အမျိုးသားတွေမှာ Testosterone ဟော်မုန်းနည်းလာတဲ့အချိန်မှာ ဖြစ်တတ်ကြပါတယ်။

Osteoporosis

အရက်သောက်သူတွေ ပိန်သူတွေ ဆေးလိပ်သောက်သူတွေ အိပ်ယာထဲမှာ အကြာကြီးလဲနေသူတွေ အဖြစ်များပါတယ်။ ရောဂါရှိနေပေမဲ့ အရိုးကျိုးလို့ စစ်ကြည့်တော့မှ သိလာတာများပါတယ်။ ခါးရိုးထဲမှာ မကြာခဏနာတတ်ရင် စစ်ဆေးသင့်ပါတယ်။

အရိုးပွ ရောဂါရှိသူတွေဟာ ကယ်လ်စီယမ်ဓါတ် လုံလောက်စွာ စားပေးသင့်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်ဓါတ်တွေ လိုအပ်တာထက် ပိုများနေသွားမယ်ဆိုရင် နှလုံးရောဂါနဲ့ ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရှောင်သင့်တဲ့ အစားအစာတွေကို စုစည်းထားပါတယ်။

ဆားပါဝင်မှုမြင့်သောအစားအစာနှင့် ဆိုဒီယမ်ပါဝင်မှုမြင့်သော အစားအစာများ

sodium

ဆားပါဝင်မှုမြင့်တဲ့အစားအစာတွေနဲ့ ဆိုဒီယမ် ပါဝင်မှုမြင့်တဲ့အစားအစာတွေက အရိုးကို အားနည်းစေလို့ ရှောင်ပေးသင့်ပါတယ်။ ဆားကို တတ်နိုင်သလောက် လျှော့စားပါ။ အမြန်စားအစာတွေရှောင်ပါ။

ဆိုဒါတွေ

soda

ဆိုဒါတွေဟာ သကြားဓါတ်ပြည့်ဝရုံသာမက Phosphoric Acid ဓါတ်ပါဝင်ပါတယ်။ အရိုးကျန်းမာရေးကို ထိခိုက်စေလို့ ဆိုဒါသောက်သုံးခြင်ကနေ ရှောင်ပေးသင့်ပါတယ်။ အဲဒီအစား ကယ်လ်စီယမ်နဲ့ ဗီတာမင် D ပါဝင်တဲ့ လိမ္မော်သီးဖျော်ရည်ကို သောက်ပေးသင့်ပါတယ်။ နွားနို့၊ ဒိန်ချဉ် စတာတွေကိုလည်း စားပေးပါ။

ကဖိန်းဓါတ်

coffee-400x240

ကဖိန်းဓါတ်က အရိုးသိပ်သည်းဆကို အားနည်းစေလို့ ကဖိန်းဓါတ်ကို ရှောင်ပေးသင့်ပါတယ်။ ကယ်လ်စီယမ်ဓါတ်ကိုလည်း ပိုမိုဆုံးရှုံးစေပါတယ်။

သကြားကနေ ထုတ်လုပ်ထားတဲ့ အစားအစာတွေ

sugar

သကြားနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားပေးခြင်းကနေ ရှောင်ကျဉ်ပေးသင့်ပါတယ်။

အရက်

pour-shot-960x640

အရက်ကို အလွန်အကျွံသောက်ပေးတာဟာ အရိုးကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရက်အသောက်များတာကြောင့်လည်း အရိုးပါးတာ အရိုးပွတာဖြစ်လို့ အရက်ကိုလုံးဝရှောင်ပေးပါ။

ဂျုံနဲ့လုပ်ထားတဲ့ မှုန့်တွေ

top

ပြည့်ဝဂျုံပါဝင်တဲ့ ပေါင်မှုန့်တွေကို ရှောင်ပေးပါ။

ပြုပြင်ထားတဲ့အသားတွေ

deli-meat

ပြုပြင်ထားတဲ့ အသားတွေကို ရှောင်ကျဉ်ပေးသင့်ပါတယ်။

Oxalates ဓါတ်ပါတဲ့ အစားအစာတွေ (လျှော့စားရန်)

chardperpetualspinach

Spinach အရွက် နိုကိုဥရွက် စတဲ့ Oxalates ဓါတ်ပါတဲ့ အစားအစာတွေမှာ သဘာဝအဟာ၇ဓါတ်တွေ အများအပြားပါဝင်တာမှန်သလို ကယ်လ်စီယမ်ဓါတ်တွေပါဝင်တာလည်း မှန်ပါတယ်။ ဒါပေမဲ့ Oxalates ဓါတ်တွေပါဝင်တာကြောင့် ကယ်လ်စီယမ်ဓါတ်ကို မြင့်မားလာစေလို့ လျှော့စားသင့်ပါတယ်။

ပဲအမျိုးမျိုး (လျှော့စားရန်သာ)

beans

ပဲအမျိုးမျိုးမှာ အမျှင်ဓါတ်တွေ အဟာရဓါတ်တွေ မဂ္ဂနီဆီယမ်ဓါတ်တွေ ကယ်လ်ဆီယမ်ဓါတ်တွေပါဝင်ပါတယ်။ ဒါပေမဲ့ များများစားမယ်ဆိုရင် မကောင်းပါဘူး။ လုံးဝရှောင်ခိုင်းတာမဟုတ်ပါဘူး။ သင့်တင့်ရုံပဲစားပေးပါ။

ပဲပုပ်ကနေထုတ်ထားတဲ့ အစားစာတွေ (လျှော့စားရန်)

SEPT13_Soy-feature2

Spinach အရွက်လိုပဲ ပဲပုပ်မှာလည်း Oxalates ဓါတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ကယ်လ်ဆီယမ်ပမာဏ စုပ်ယူမှုမြင့်တက်စေပါတယ်။ တို့ဖူး၊ ပဲနို့ ၊ ပဲပြားစတာတွေဟာ အရိုးအတွက်ကောင်းမွန်ပေမဲ့ ကယ်လ်ဆီယမ်ဓါတ်ကို မြင့်မာစေတာကြောင့် အရိုးပွရောဂါရှိသူတွေ သင့်ရုံပဲ စားပေးပါ။