နွေရာသီရောက်ပြီဆိုရင် ရေဓါတ်ခမ်းခြောက်ကြပါတယ်။

1DD03A6900000578-0-image-a-1_1461159033725

ခါတိုင်းပုံမှန်သောက်နေကျရေထက် ပိုပြီးတော့ ရေသောက်ရလေ့ရှိတယ်။ ရေဓါတ်ဖြည့်တင်းမယ်ဆိုတာနဲ့ ရေကို အများကြီးသောက်တာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အရသာရှိတဲ့အသီးတွေ ရေဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။ ရေဓါတ်မလုံလောက်ရင် အသားခြောက်တာ၊ နှုတ်ခမ်းခြောက်တာ၊ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်တတ်ပါတယ်။

အုန်းရည်

coconut-water

အရသာရှိပြီး ရေဓါတ်ဖြည့်တင်းနိုင်တဲ့ အုန်းရည်မှာ ကယ်လိုရီ ၄၅ သာပါဝင်ပြီး အဟာရဓါတ်တွေအများအပြားပါဝင်ပါတယ်။ အုန်းရည်မှာ ရေဓါတ် ၉၅% ပါဝင်ပါတယ်။ ဒါ့အပြင် ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ Antioxidant တွေပါဝင်လို့ ခန္တာကိုယ်အတွက် သိပ်ကို အရေးကြီးပါတယ်။

သခွားသီး

cucumber-1

သခွားသီးဟာ ရေဓါတ် ၉၅ % နဲ့ ဖွဲ့စည်းထားတာပါ။ စားတာပဲဖြစ်ဖြစ် ဖျော်ရည်လုပ်ပြီးသောက်တာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ခန္တာကိုယ်အတွင်းက အဆိပ်အတောက်ကင်းစင်စေလို့ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ဖရဲသီး

watermelon

ဖရဲသီးဟာ ကယ်လိုရီပါဝင်မှုနည်းပြီး ရေဓါတ်ဖြည့်တင်းနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ပူအိုက်တဲ့နွေရာသီမှာ ဖရဲသီးကို အားပါးတရစားလိုက်နော်။

စတော်ဘယ်ရီသံပုရာဖျော်ရည်

strawberry-lemonade

စတော်ဘယ်ရီနဲ့ သံပုရာသီးကိုရောပြီး ဖျော်သောက်လိုက်ရင် ခန္တာကိုယအတွင်းက အဆိပ်အတောက်တွေကို ကင်းစင်စေရုံသာမက ရေဓါတ်လည်း ဖြည့်တင်းပေးနိုင်ပါတယ်။ ဗီတာမင် C ပမာဏ ပြည့်ဝလို့ ကျန်းမာရေးအတွက်လည်း အထူးလိုအပ်ပါတယ်။ သံပုရာသီးကိုအရည်ညှစ်ပြီး စတော်ဘယ်ရီနဲ့ ဖျော်စက်ထဲထည့်ဖောျ်ကာ သောက်လိုက်ရုံပါပဲ။

အစိမ်းရောင်ဖျော်ရည်

green-smoothie

အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေကို ဖျော်စက်ထဲထည့်ပြီး ဖျော်သောက်လိုက်တာဟာလည်း ရေဓါတ်ကိုဖြည့်တင်းပေးနိုင်ပါတယ်။

ဂေါ်ဖီထုပ်

cabbage

ဂေါ်ဖီထုပ်ပါ ကယ်လိုရီပါဝင်မှုနည်းပြီး ရေဓါတ် ၉၃ % ပါဝင်ပါတယ်။ ဂေါ်ဖီထုပ်ကိုစားပေးပါ။

သခွားမွှေး

cantaloupe

အရသာလည်းရှိပြီး ရေဓါတ် ၈၉% ပါဝင်တဲ့ သခွာမွှေးကို နွေရာသီမှာ စားပေးဖို့အသင့်တော်ဆုံးပါပဲ။

ဂျင်းရေခဲဖျော်ရည်

ginger-tea

ဂျင်းနည်းနည်းရယ် သံပုရာသီးရယ် ရေရယ် ရေခဲနည်းနည်းရယ် ထည့်ဖျော်ပြီးသောက်ပေးပါ။ ရေဓါတ်ဖြည့်တင်းပေးနိုင်သလို အဟာရဓါတ်တွေလည်း အများအပြား ရရှိစေပါတယ်။

ဆလတ်ရွက်

lettuce

ဆလတ်ရွက်က ရေဓါတ် ၉၆ % ပါဝင်ပြီး အမျှင်ဓါတ်နဲ့ ဗီတာမင် C ပါဝင်ပါတယ်။ ဒါ့ကြောင့် ရေဓါတ်ဖြည့်တင်းပေးနိုင်တဲ့အပြင် အဆိအတောက်ကို ကင်းစင်စေပါတယ်။

သံပုယိုရည် (သို့) သံပုရာရည်

water-with-lemon

သံပုယိုသီး (သို့) သံပုရာသီးကို အရည်ညှစ်ပြီး ရေထည့် ရေခဲထည့်ကာ ချဉ်ချဉ်လေးသောက်ပေးပါ။ လန်းဆန်းပြီး အဆိပ်အတောက်တွေ ကင်းစင်စေလို့ နွေပူပူကို အံ့တုနိုင်မှာပါ။