[Unicode]

သွားကိုက်တာ ဘယ်လောက်ထိခံရခက်လဲဆိုတာတော့ သွားကိုက်ဖူးတဲ့သူပဲသိပါလိမ့်မယ်။ သွားလေးကိုက်တာပဲ ဘာဖြစ်လို့လဲလို့တွေးမိမဲ့သူရှိနိုင်ပေမဲ့ သွားကိုက်တာဟာ ထိုင်မရထမရ အိပ်မရ စားမရနဲ့ အသည်းကွဲဝေဒနာထက်ဆိုးတယ်ဆိုတာ သွားကိုက်ဖူးတဲ့သူတိုင်းသိကြမှာပါ။ ဒီတော့ သွားအရမ်းကိုက်တဲ့အခါ သဘာဝနည်းလမ်းလေးနဲ့ ဖြေရှင်းလိုက်ရအောင်ပါ။

ပါဝင်ပစ္စည်း

toothacheremedy

လေညှင်းပွင့်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ခြင်း

teethinghomeremedy

ခွက်တစ်လုံးထဲတွင် ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုထည့်ပြီး မွှေလိုက်ပါ။ ပြီးတာနဲ့ချက်ချင်း သွားနဲ့ သွားဖုံးပေါ်မှာ လိမ်းပေးလိုကါပါ။ သွားကိုက်နေတဲ့နေရာကိုလိမ်းပေးရမှာဖြစ်ပါတယ်။ မိနစ်အနည်းငယ်ကြာတာနဲပ သက်သာလာမှာပါ။ တစ်နေ့ကို ၃ ကြိမ် သွားကိုက်မသက်သာမချင်းလုပ်ပေးလို့ရပါတယ်။

လေညှင်းပွင့်ဟာ နာကျင်မှုကို သက်သာစေတဲ့ဂုဏ်သတ္တိတွေပါဝင်လို့ သွားကိုက်ဝေဒနာကို အမြန်ဆုံးသက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

ဒါ့အပြင် ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

[Zawgyi]

သြားကိုက္တာ ဘယ္ေလာက္ထိခံရခက္လဲဆိုတာေတာ့ သြားကိုက္ဖူးတဲ့သူပဲသိပါလိမ့္မယ္။ သြားေလးကိုက္တာပဲ ဘာျဖစ္လို႔လဲလို႔ေတြးမိမဲ့သူရွိႏိုင္ေပမဲ့ သြားကိုက္တာဟာ ထိုင္မရထမရ အိပ္မရ စားမရနဲ႔ အသည္းကြဲေ၀ဒနာထက္ဆိုးတယ္ဆိုတာ သြားကိုက္ဖူးတဲ့သူတိုင္းသိၾကမွာပါ။ ဒီေတာ့ သြားအရမ္းကို္က္တဲ့အခါ သဘာ၀နည္းလမ္းေလးနဲ႔ ေျဖရွင္းလုိက္ရေအာင္ပါ။

ပါ၀င္ပစၥည္း

toothacheremedy

ေလညွင္းပြင့္မႈန္႔ လက္ဖက္ရည္ဇြန္းတစ္၀က္

အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္၀က္

ျပင္ဆင္ျခင္း

teethinghomeremedy

ခြက္တစ္လံုးထဲတြင္ ပါ၀င္ပစၥည္းႏွစ္မ်ိဳးလံုးကိုထည့္ၿပီး ေမႊလိုက္ပါ။ ၿပီးတာနဲ႔ခ်က္ခ်င္း သြားနဲ႔ သြားဖံုးေပၚမွာ လိမ္းေပးလိုကါပါ။ သြားကိုက္ေနတဲ့ေနရာကိုလိမ္းေပးရမွာျဖစ္ပါတယ္။ မိနစ္အနည္းငယ္ၾကာတာနဲပ သက္သာလာမွာပါ။ တစ္ေန႔ကို ၃ ႀကိမ္ သြားကိုက္မသက္သာမခ်င္းလုပ္ေပးလို႔ရပါတယ္။

ေလညွင္းပြင့္ဟာ နာက်င္မႈကို သက္သာေစတဲ့ဂုဏ္သတၱိေတြပါ၀င္လို႔ သြားကိုက္ေ၀ဒနာကို အျမန္ဆံုးသက္သာေပ်ာက္ကင္းေစမွာျဖစ္ပါတယ္။

ဒါ့အျပင္ ဘက္တီးရီးယားပိုးမႊားေတြကိုလည္း ကာကြယ္ေပးႏုိင္ပါတယ္။