[Unicode]

Growth ဟော်မှုန်းတွေက ဆဲလ်တွေ ကြီးထွားဖို့၊ ဆဲလ်တွေ ထုတ်လုပ်ဖို့နဲ့ အရွယ်တင်နုပျိုဖို့အတွက် ကူညီပေးပါတယ်။ ဒါကြောင့် ဒီလို ဟော်မှုန်းဓာတ်တွေကို ထိန်းညှိနိုင်ပြီး ကိုယ်အလေးချိန် လျော့ကျဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

သကြား နည်းနည်းပဲ စားပါ

သွေးအတွင်းမှာ အချိုဓာတ်မြင့်လေလေ Growth ဟော်မှုန်းတွေရဲ့ အဆင့်တွေကို ကျဆင်းစေပါတယ်။ ဒါကြောင့် အဝလွန်တဲ့သူတွေမှာ Growth ဟော်မှုန်းဓာတ်တွေကျဆင်းနေတတ်ပါတယ်။

ဒါကြောင့် သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ ပရိုတင်းဓာတ်များတဲ့ အစားအစာများ၊ ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များကို အဓိကထား စားသုံးပါ။

အိပ်ရေး ၀၀ အိပ်ပါ

တစ်နေ့ကို အနှောင့်အယှက်ကင်းကင်းနဲ့ ၈ နာရီလောက် အိပ်ပါ။ သင်အိပ်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ဟော်မှုန်းဓာတ်တွေ ထုတ်လုပ်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရင် ခဏခဏ နိုးနေရင် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ဟော်မှုန်းဓာတ်တွေ မထုတ်လုပ်နိုင်တော့ပါဘူး။

စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုများနေရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ Growth Hormone နည်းနေရင် စိတ်ဖိစီးမှုများတဲ့ ဟော်မှုန်းက တက်လာလေလေပါဘဲ။ ဒါကြောင့် စိတ်ဖိစီးမှုကို ကိုယ်အတွက် အဆင်ပြေမယ့် နည်းလမ်းနဲ့ လျှော့ချပါ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှု ဟော်မှုန်းကို အမြှင့်တင်နိုင်ဆုံး နည်းလမ်းပါဘဲ။ အားကစားပြင်းပြင်းထန်ထန်လုပ်လေလေ Growth ဟော်မှုန်းတွေက တက်လေလေဖြစ်တာကြောင့် လေ့ကျင့်ခန်းလိုက်စားတဲ့သူတွေဟာ ကျန်းမာရေးကောင်းပြီး ရုပ်နုကြတာပါ။

အမိုင်နိုအက်ဆစ် များများစားပါ

နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ ပရိုတင်းဓာတ်က သွေးထဲက သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး Growth ဟော်မှုန်းဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ အမဲသား၊ ကြက်သားနဲ့ငါးတွေမှာ အမိုင်နိုအက်ဆစ်တွေ အများကြီးပါဝင်ပါတယ်။

Featured Image Source: POPSUGAR Australia

[Zawgyi]

Growth ေဟာ္မႈန္းေတြက ဆဲလ္ေတြ ႀကီးထြားဖို႔၊ ဆဲလ္ေတြ ထုတ္လုပ္ဖို႔နဲ႔ အရြယ္တင္ႏုပ်ိဳဖို႔အတြက္ ကူညီေပးပါတယ္။ ဒါေၾကာင့္ ဒီလို ေဟာ္မႈန္းဓာတ္ေတြကို ထိ္န္းညွိႏိုင္ၿပီး ကိုယ္အေလးခ်ိန္ ေလ်ာ့က်ဖို႔ ကူညီေပးႏုိင္တဲ့ နည္းလမ္းေတြကို ေ၀မွ်ခ်င္ပါတယ္။

သၾကား နည္းနည္းပဲ စားပါ

ေသြးအတြင္းမွာ အခ်ိဳဓာတ္ျမင့္ေလေလ Growth ေဟာ္မႈန္းေတြရဲ႕ အဆင့္ေတြကို က်ဆင္းေစပါတယ္။ ဒါေၾကာင့္ အ၀လြန္တဲ့သူေတြမွာ Growth ေဟာ္မႈန္းဓာတ္ေတြက်ဆင္းေနတတ္ပါတယ္။

ဒါေၾကာင့္ သၾကားပါ၀င္မႈမ်ားတဲ့ အစားအစာေတြကို ေရွာင္ၾကဥ္ပါ။ ပရိုတင္းဓာတ္မ်ားတဲ့ အစားအစာမ်ား၊ ေကာက္ပဲသီးႏွံမ်ား၊ ဟင္းသီးဟင္းရြက္မ်ားကို အဓိကထား စားသံုးပါ။

အိပ္ေရး ၀၀ အိပ္ပါ

တစ္ေန႔ကို အေႏွာင့္အယွက္ကင္းကင္းနဲ႔ ၈ နာရီေလာက္ အိပ္ပါ။ သင္အိပ္ေနတဲ့အခ်ိန္မွာ သင့္ခႏၶာကိုယ္က ေဟာ္မႈန္းဓာတ္ေတြ ထုတ္လုပ္ပါတယ္။ ဒါေၾကာင့္ အိပ္ေရးမ၀ရင္ ခဏခဏ ႏိုးေနရင္ ခႏၶာကိုယ္အတြက္ လံုေလာက္တဲ့ ေဟာ္မႈန္းဓာတ္ေတြ မထုတ္လုပ္ႏိုင္ေတာ့ပါဘူး။

စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ

စိတ္ဖိစီးမႈမ်ားေနရင္ ခႏၶာကိုယ္ရဲ႕ ဇီ၀ကမၼျဖစ္စဥ္ေတြကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ Growth Hormone နည္းေနရင္ စိတ္ဖိစီးမႈမ်ားတဲ့ ေဟာ္မႈန္းက တက္လာေလေလပါဘဲ။ ဒါေၾကာင့္ စိတ္ဖိစီးမႈကို ကိုယ္အတြက္ အဆင္ေျပမယ့္ နည္းလမ္းနဲ႔ ေလွ်ာ့ခ်ပါ။

ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္းလုပ္ျခင္းက ခႏၶာကိုယ္ထဲမွာရွိတဲ့ စိိတ္ဖိစီးမႈ ေဟာ္မႈန္းကို အျမွင့္တင္ႏိုင္ဆံုး နည္းလမ္းပါဘဲ။ အားကစားျပင္းျပင္းထန္ထန္လုပ္ေလေလ Growth ေဟာ္မႈန္းေတြက တက္ေလေလျဖစ္တာေၾကာင့္ ေလ့က်င့္ခန္းလိုက္စားတဲ့သူေတြဟာ က်န္းမာေရးေကာင္းၿပီး ရုပ္ႏုၾကတာပါ။

အမိုင္ႏိုအက္ဆစ္ မ်ားမ်ားစားပါ

ႏုိ႔ထြက္ပစၥည္းေတြမွာပါ၀င္တဲ့ ပရိုတင္းဓာတ္က ေသြးထဲက သၾကားဓာတ္ကို ထိန္းညွိေပးႏိုင္ၿပီး Growth ေဟာ္မႈန္းဓာတ္ကိုလည္း ထိန္းညွိေပးပါတယ္။ အမဲသား၊ ၾကက္သားနဲ႔ငါးေတြမွာ အမိုင္ႏုိအက္ဆစ္ေတြ အမ်ားႀကီးပါ၀င္ပါတယ္။

Featured Image Source: POPSUGAR Australia