သင်က အိမ်ထဲမှာပဲနေနေ အလုပ်ထဲမှာပဲနေနေ ခေါင်းကိုက်ဝေဒနာက နေရာမရွေး၊ အချိန်မရွေးဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ လေတိုက်ခတ်ခြင်းကြောင့်လည်း ခေါင်းကိုက်နိုင်သလို အမျိုးသမီးများအနေနဲ့ အတွင်းခံဘရာဇီယာကို ခပ်ကြပ်ကြပ် ဝတ်ဆင်ပါကလည်း ခေါင်းကိုက်တတ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခေါင်းမကိုက်ဖို့ရန်အတွက် ဘယ်လိုအချက်များကို ရှောင်ကြဉ်သင့်သလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

မီးအလင်းရောင် လျော့ပါ

အလင်းရောင်စူးရှခြင်းကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်တာကြောင့် ကွန်ပျူတာသုံးတဲ့အခါ အခန်းအလင်းရောင်ကို တတ်နိုင်သမျှ လျော့ချပေးပါ။

စူးရှပြီး ပြင်သောရနံ့များကို ရှောင်ကြဉ်ပါ

သင့် လုပ်ဖော်ကိုက်ဖက်ရဲ့ ရေမွှေးနံ့စူးစူးနဲ့ အိမ်သန့်ရှင်းရေးပစ္စည်းများက သင့်ကို ခေါင်းကိုက်စေတာကြောင့် ထိုအနံ့များကို မခံနိုင်ပါက အခန်းကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ။

ရေဓာတ်ပြည့်ဝအောင် နေပြီး အစားကို အချိန်မှန်မှန်စားပါ

သင့်ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကလည်း လျော့ကျသွားပြီး ခေါင်းကိုက်တတ်ပါတယ်။ ထိုအချိန်မျိုးမှ ရေ တစ်ဖန်ခွက် (သို့) နှစ်ဖန်ခွက်ခန့် အဝသောက်ပေးဖို့ လိုပါတယ်။

ပီကေ မဝါးပါနဲ့

ပီကေဝါးခြင်းက မေးရိုးညောင်းစေပြီး နာ့ဗ်ကြောများကို ထိခိုက်စေပြီး နောက်ဆက်တွဲအနေနဲ့ ခေါင်းကိုက်စေပါလိမ့်မယ်။

ဆံပင်အစည်းကို ဖြေချလိုက်ပါ

ဆံပင်ကို တင်းတင်းကြပ်ကြပ် စည်းထားခြင်းကလည်း သင့်ရဲ့ဦးရေပြားကို ပျက်စီးစေပြီး ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားလာရပြီဆိုတာနဲ့ ဆံပင်အစည်းကို ဖြေလျော့လိုက်ပါ

ဂျင်းပြုတ်ရည်သောက်ပါ

ဂျင်းပြုတ်ရည်က နာကျင်မှုဝေဒနာကို သက်သာစေတာကြောင့် အသင့်ဖျော် ဂျင်းလက်ဖက်အိတ်များ ဆောင်ထားနိုင်သလို မိမိကိုယ်တိုင် အိမ်မှာ ဖော်စပ် ပြုတ်သောက်နိုင်ပါတယ်။

အနေအထားမှန်မှန် ထိုင်ပါ

အလုပ်စားပွဲမှာ ထိုင်လိုက်ပြီဆိုတာနဲ့ သက်သောင့်သက်သာ ဖြစ်ဖို့လည်း လိုအပ်သလို ခါးမတ်မတ်နှင့် ပုခုံးမတ်မတ်ထိုင်ဖို့လည်း လိုအပ်ပါတယ်။ ကွန်ပျူတာကို သင့်မျက်လုံးနဲ့ တစ်တန်းတည်းဖြစ်အောင် ထိုင်ပါ။ ပေါင်က ကြမ်းပြင်နဲ့ မျဉ်းပြိုင်ဖြစ်နေရပါမယ်။ ဖုန်းပြောတဲ့အခါမှာလည်း ပုခုံးနဲ့ မေးစေ့ကြားညှပ်ပြီး ပြောခြင်းကို ရှောင်ကြဉ်ပါ။

အသက်ရှု လေ့ကျင့်ခန်းပြုလုပ်ပါ

အလုပ်စားပွဲမှာ မနားမနေ အလုပ်လုပ်ခြင်းကို ရှောင်ကြဉ်သင့်ပြီး သင့်မျက်လုံးကို အနားပေးခြင်း၊ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ခြင်း စသည်ဖြင့် အနားပေးပါ။

Source: Brightside.me

Featured image: Fletcher Chiropractic