မျက်လုံးက လူသားအားလုံးအတွက် အရမ်းအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲ။ ဒါပေမယ့် လူတော်တော်များများက အလေးမထားကြပါဘူး။ အခုခေတ်မှာ အချိန်အကြာကြီး Laptop နဲ့ အလုပ်လုပ်မယ်၊ ခဏနားချိန်မှာ ဖုန်းကို ကြည့်မယ်ဆိုရင် မျက်လုံးမှာ နားချိန်ကို မရှိတော့ပါဘူး။

ဒါတောင် တချို့ဆိုရင် ညအိပ်ရာကနေ တရေးနိုးလာရင်တောင် Facebook သုံးကြသေးပါတယ်။ ဒါကြောင့် မျက်စိအမြင်ကို ပံ့ပိုးပေးတဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

အာဟာရရှိတဲ့ အစားအစာများကို စားပါ

ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို အဓိကထားစားပေးပါ။ အဓိက မျက်စိ အမြင်အားကောင်းစေတဲ့ အစားအစာတွေက မုန်လာဥနီနဲ့ မြင်းခွာရွက်တို့ဖြစ်ပါတယ်။ သူ့မှာ ဗီတာမင် A နဲ့ C ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတွေက မျက်စိအမြင် ကျန်းမာရေးကိုအားကောင်းစေတာကြောင့် တစ်ပတ်ကို ၂ ခါ ၃ ခါလောက် ထမင်းစားတဲ့အခါထည့်စားပေးပါ။

နေကာမျက်မှန်ကို တပ်ဆင်ပေးပါ

အပြင်ထွက်တဲ့အခါမှာ နေကာမျက်မှန်ကို တပ်ဆင်ပေးပါ။ နေကနေလာတဲ့ UV ရောင်ခြည်တွေက မျက်စိကို ထိခိုက်မှုကနေ လျော့ချပေးပါတယ်။ မိုးအုပ်နေတာဘဲဖြစ်ဖြစ် အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပေးပါ။

နေကာမျက်မှန်ဝယ်မယ်ဆိုရင်လည်း UV 90% ကာကွယ်နိုင်တဲ့ နေကာမျက်မှန်ကို ဝယ်ယူသင့်ပါတယ်။ Polarized ပါတဲ့ မျက်မှန်ကလည်း နေပူထဲမှာရှိနေရင်တောင်မှ မျက်လုံးကို အမြဲအေးနေစေပါတယ်။

မျက်စိကို အမြဲ စမ်းသပ်ပေးပါ

မျက်စိ ဆေးခန်းကို တစ်နှစ်ကို တစ်ကြိမ်လောက်တော့ သွားပေးပြီး အမြင်အာရုံတွေ ေ၀ဝါးနေလား၊ မျက်စိမှာ ဘာပြဿနာတွေရှိလဲဆိုတာ သိနိုင်ဖို့ စမ်းသပ်ပေးပါ။

နည်းလမ်းမှန်မှန်နဲ့ ကွန်ပျုတာ၊ စမတ်ဖုန်း နဲ့တီဗီတို့ကို ကြည့်ပေးပါ

ဒီနေ့ခေတ်မှာတော့ ကွန်ပျုတာ၊ စမတ်ဖုန်းတို့ကို မကြည့်ဘဲ မနေနလို့မရတော့ပါဘူး။ ဒါကြောင့် ကွန်ပျုတာ ကြည့်ရင်လည်း 20-20-20 စည်းကမ်းအတိုင်းကြည့်ပါ။ မိနစ် ၂၀ ကြည့်ပြီး ပေ ၂၀ အကွာကို စက္ကန့် ၂၀ လောက်ကြည့်ပေးပါ။

ကွန်ပျုတာနဲ့ ကိုယ့်မျက်လုံးနဲ့ဆိုရင် ၂ ပေလောက်ကွာသင့်ပါတယ်။ တီဗီနဲ့ဆိုရင်တော့ ၃ ပေလောက်ကွာသင့်ပါတယ်။

စမတ်ဖုန်းကို တတ်နိုင်သမျှ အမှောင်ထဲမှာမသုံးပါနဲ့။

Featured Image Source: Akoko\ Akoko