အကောင်းမြင်စိတ်ဆိုတာ ကျန်းမာရေးနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။အကောင်းမြင်တက်တဲ့ စိတ်ရှိခြင်းကြောင့် သင့်ရဲ့တစ်နေ့တာ အချိန်တော်တော်များများမှာပျော်ရွှင်လာရမယ် ရည်မှန်းချက်တွေပြည့်ဝလာမယ် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေတည်ဆောက်နိုင်မယ် စိတ်ကျရောဂါအန္တရာယ်မှကင်းဝေးစေမယ် စသည်ဖြင့် စိတ်ရောကိုယ်ပါကျန်းမာခြင်းတွေကိုရရှိမှာဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ အကောင်းမြင်စိတ်မွေးမြူနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) စိတ်ကိုအတက်နိုင်ဆုံး ထိန်းချုပ်ပါ

Source : Taringa

အများစုက စိတ်ညစ်စရာတစ်ခုခု ကြုံတွေ့လာရရင် စိတ်ရောကိုယ်ရောပုံပြီး ညစ်တက်ကြပါတယ်။ထိုအခါ သာမာန်ထက် ၂ ဆပိုပြီး ပင်ပန်းရပါတယ်။လူဆိုတာ စိတ်ညစ်စရာနဲ့ တော့ ကင်းနိုင်လိမ့်မှာမဟုတ်ပါဘူး။ဒါပေမယ့် စိတ်စရာကြုံလာတိုင်း ထိုင်ပြီးစိတ်ညစ်နေမယ့်အစား ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးပြင်ဆင်ပါ။ပြဿနာပြေလည်နိုင်မယ့် နည်းလမ်းလေးတွေကိုစဉ်းစားပါ။စသည်ဖြင့် ကိုယ်ရဲ့စိတ်ကိုအကောင်းဘက်သို့ ဦးတည်နေမိအောင်ထိန်းချုပ်သင့်ပါတယ်။

(၂) ကောင်းတဲ့စိတ်နဲ့ နေ့တစ်နေ့ကိုစတင်ပါ

Source : Shutterstock

လူတစ်ယောက်အတွက် နေ့တစ်နေ့တဲ့ စတင်တဲ့အချိန်ကအရမ်းကိုအရေးကြီးပါတယ်။ မနက်မိုးလင်းတဲ့အချိန်မှာကတည်း ကစိတ်ညစ်ညူးစရာကိစ္စတွေနဲ့ စတင်မိလိုက်ပြီးတစ်နေ့လုံး ကောင်းစွာဖြတ်သန်းဖို့မလွယ်ကူတော့ပါဘူး။ဒါကြောင့်အိပ်ယာ ကနိုးတာနဲ့ ကောင်းတဲ့အရာလေးတွေတွေးပါ ဒီနေ့ကိုအကောင်းဆုံးဖြတ်သန်းမယ်ဆိုတဲ့ကောင်းတဲ့စိတ်လေးနဲ့ ကိုယ့်ရဲ့ တစ်နေ့တာကိုစတင်သင့်ပါတယ်။

(၃) ကောင်းမွန်တဲ့အတိတ်ကိုပြန်တွေးကြည့်ပါ

Source : Telegraph

လူအများစုက မကောင်းတဲ့အရာ မကောင်းတဲ့ စိတ်ခံစားချက် တွေကိုပိုပြီး တသသနဲ့ သတိရနေတက်ကြပါတယ်။တကယ်တော့ ကိုယ့်ဘဝရဲ့အတိတ်မှာလည်း ကောင်းမွန်တဲ့ အမှတ်တရ တွေဆိုတာရှိတက်ကြတာအမှန်ပါ။ဖြတ်သန်းခဲ့တဲ့ကိုယ်ဘဝရဲ့ ကောင်းမွန်တဲ့အမှတ်တရတွေကို ပြန်တွေးခြင်းက မကောင်းတဲ့စိတ် မကောင်းတဲ့အတွေးတွေကို ဖယ်ရှားပေးရာရောက်ပြီး အကောင်းမြင်စိတ်ကိုမွေးမြူရာရောက်စေပါတယ်။

(၄) အကောင်းမြင်တက်တဲ့ပတ်ဝန်းကျင်မှာရှင်သန်ပါ

 

Source : Creactivos Digitales

တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ ကိုယ့်နဲ့အနီးစပ်ဆုံးရှိတဲ့ပတ်ဝန်းကျင်ကကိုယ့်အပေါ်သက် ရောက်မှုတွေရှိစေပါတယ်။အမြဲလိုလို မကောင်းမြင်စိတ်ရှိတဲ့လူတွေ အပြစ်တင်ကဲ့ရဲ့မှုတွေနဲ့ အရာအားလုံးကိုအမုန်းမျက်စိနဲ့ကြည့်တက်တဲ့လူတွေနဲ့ ကိုယ်နီးနီးကပ်ကပ်နေမိပြီဆိုရင်တော့အမြန်ဆုံးဒီလူတွေနဲ့ဝေးရာကိုသွားပါ။မကောင်းတက်တဲ့ လူတွေကိုသင်ပြောင်းလဲမပေးနိုင်ပေ့မယ် သင်ရဲ့ပတ်ဝန်းကျင် ကိုတော့သင်ကိုယ်တိုင်ပြောင်းလဲပစ်လို့ရပါတယ်။အကောင်းမြင်တက်တဲ့ပတ်ဝန်းကျင်မှာရှင်သန်ခြင်းက သင့်ကိုအကောင်းမြင်စိတ်တွေအလိုလိုမွေးဖွားပေးမှာဖြစ်ပါတယ်။