လေ့ကျင့်ခန်းက ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ခံစားချက်ကို မြှင့်တင်ပေးခြင်း၊ စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ စွမ်းအင်တိုးစေခြင်း၊ အိပ်စက်ခြင်း စတာတွေကို မြှင့်တင်ပေးနိုင်တဲ့အပြင် ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ နဲ့ အခြားရောဂါတွေကိုလည်း  ဖြစ်နိုင်ခြေကို လျှော့ချပေးပါတာကြောင့် လေ့ကျင့်ခန်းက ကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။

GYM ကိုသွား အချိန်ပေးပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်မှ လေ့ကျင့်ခန်းလုပ်တယ်လို့ သတ်မှတ်လို့မ ရပါဘူး။ နေ့တိုင်း  ပိုပြီးတက်ကြွလာစေဖို့အတွက် ပုံမှန်လှုပ်ရှားမှုကနေလည်း လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။  နေ့စဉ် လေ့ကျင့်ခန်း များများလုပ်နိုင်ဖို့  လျှို့ဝှက်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်နော်။

လုပ်ရိုးလုပ်စဉ်တစ်ခု သတ်မှတ်ပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အထကို ဖန်တီးယူပါ။ ဥပမာ- မနက်တိုင်း အိပ်ယာထပြီး အလုပ်မစခင် Gym သွားချင်တယ်လို့ သင့်အတွက် အသင့်တော်ဆုံးဖြစ်ပြီး တသမတ်တည်းဖြစ်မည့်အချိန်ကို ရွေးချယ်ပြီး ပြောပါ။ ဒီလိုပြောတာက ပြန်လည်အိပ်တတ်တဲ့အကျင့်ကို တားဆီးနိုင်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အကျင့်ကို ဖြစ်စေလာမှာပါ။

ဖြည်းဖြည်းချင်းစပါ

လူတော်တော်များများက သူတို့ကိုယ်သူတို့ ပိုကြံ့ခိုင်ဖို့ Gym ထဲမှာ အသကုန်ပြေးဖို့ လိုတယ်လို့ ထင်ကြပေမယ့် ဒါက အမှန်တော့ မဟုတ်ပါဘူး။ တကယ်လိုအပ်တာက မိနစ် 30 လောက်ပါပဲ။ ညနေခင်းမှာ ခပ်သွက်သွက် လမ်းလျှောက်ရင်ကိုဘဲ လုံလောက်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်နေပါပြီ။

အလုပ်မှာ လှုပ်ရှားမှုရှိအောင်နေပါ

နေ့လယ်စာစားတဲ့အခါ တစ်နာရီပြည့်အောင်ထိုင်စားနေမယ့်အစား အချိန်အနည်းငယ်ယူပြီး ရုံးပတ်လမ်းလျှောက်ပါ ဒါမှမဟုတ် အလုပ်ကိစ္စများလုပ်ပါ။ အထပ်မြင့်တက်တဲ့အခါ ဓာတ်လှေကားထက် လှေကားကို တတ်နိုင်သမျှ အသုံးပြုပါ။ ထိုင်ခုံကနေထပြီး ရေကို မကြာခဏ ဖြည့်ပေးပါ။

တကယ်နှစ်သက်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကို မုန်းရတဲ့အကြောင်းအရင်းတွေက  သင်ကြိုက်တဲ့ လေ့ကျင့်ခန်း မလုပ်ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင်ကြိုက်တဲ့ လေ့ကျင့်ခန်းကို ရှာမတွေ့မချင်း မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပါ။ စက်ဘီးစီးခြင်း၊ လှိုင်းစီးခြင်း၊ လှော်တက်တက်ခြင်း၊ ယောဂတက်ခြင်း၊ တောင်တက်ခြင်း၊ နှင်းလျှောစီးခြင်း စတာတွေက နှလုံးခုန်နှုန်းကို မြှင့်တင်ပေးလှုပ်ရှားမှုတွေပါ။ ဒီလိုအရာတွေကို စမ်းကြည့်တဲ့အခါ စိတ်ရှည်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် သင်ကြိုက်တာကို လုပ်နေရရင် အလုပ်တစ်ခုလို မခံစားရတော့တာကြောင့် သဘောကျမှာအသေချာပါ။