ယနေ့ခေတ်လို ရုံးကိစ္စ ကျောင်းကိစ္စတွေနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုကြုံတွေ့ရတာဟာ အများစုအတွက်တော့ ရိုးနေပါပြီ။ ဒါပေမယ့် လွန်တာထက်ပိုပြီး စိတ်ဖိစီးမှုများလာခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်းအားနဲ့ အရည်အသွေးတွေကို ကျဆင်းလာစေမှာဖြစ်ပါတယ်။

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကိုလည်း ထိခိုက်လာနိုင်ပြီး ပေါင်းသင်းဆက်ဆံရေးပေါ်မှာလည်း အများကြီးသက်ရောက်လာမှာပါ။ ဒီလိုစိတ်ညစ်စရာတွေကို မကြုံတွေ့အောင် ရှောင်ရှားလို့မရဘူးဆိုပေမယ့်လည်း ခံစားရချိန်မှာ သက်သာစေဖို့အတွက်တော့ အမျိုးစုံပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်ကြိုက်နှစ်သက်ရာလေ့ကျင့်ခန်းတစ်မျိုးမျိုးကို ရွေးချယ်ပြီးပြုလုပ်လိုက်ပါ။ ကခုန်ခြင်း၊ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ တောင်တက်ခြင်း စတဲ့ လှုပ်ရှားမှုပါဝင်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးခြင်းက စိတ်ညစ်စရာတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို သက်သာစေမှာဖြစ်ပါတယ်။

ကဖင်းသုံးစွဲမှုလျော့ချပါ

Source: faqhow.com

လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်၊ အားဖြည့်အချိုရည်တွေမှာ ထည့်သွင်းအသုံးပြုတဲ့ ကဖင်းဓာတ်တွေကို အလွန်အကျွံသုံးစွဲခြင်းဖြင့် စိတ်ညည်းညူခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းတို့ကို ခံစားရစေပါတယ်။ သင့်တင့်ရုံမျှသာ သောက်သုံးပေးခြင်းဖြင့် အာရုံစူးစိုက်နိုင်မှု၊ မှတ်ဉာဏ်အားတို့ကို တိုးမြှင့်လိုက်ပါ။

ပီကေဝါးပါ

အကယ်လို့ သင်က အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကို ရှာဖွေနေတယ်ဆိုရင်တော့ ပီကေဝါးကြည့်လိုက်ပါ။ စိတ်ညစ်စရာတွေပျောက်ကုန်ပြီး သွေးလည်ပတ်စီးဆင်းမှုကိုလည်း ပိုပြီးကောင်းမွန်စေပါတယ်။

မိသားစု၊ သူငယ်ချင်းတွေနဲ့ စကားပြောပါ

ကိုယ်က စိတ်ညစ်စရာတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်ဆိုပါက ကိုယ်နဲ့အရင်းနှီးဆုံးဖြစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ စကားပြောလိုက်ပါ။ လိုအပ်တဲ့ အကြံဉာဏ်၊ နှစ်သိမ့်မှုတွေကို ရရှိပြီးတော့ ပျောက်ဆုံးသွားတဲ့ ကိုယ့်ရဲ့ ယုံကြည်မှုနှင့် ပျော်ရွှင်မှုကို ပြန်လည်ရှာတွေ့နိုင်မှာပါ။

ပြုံးရယ်ပါ

Source: blog.tutorming.com

နောက်ထပ်နည်းလမ်းတစ်ခုကတော့ စိတ်ညစ်စရာတွေကို အပြုံးနဲ့တိုက်ထုတ်ခြင်းပါပဲ။ ပျော်ရွှင်နေမယ်ဆိုရင် စိတ်ညစ်မှုတွေ၊ မငြိမ်မသက်ဖြစ်ခြင်းတို့ကို ခံစားရတော့မှာမဟုတ်ပါဘူး။

အေးဆေးငြိမ်သက်တဲ့ သီချင်းလေးတွေ နားထောင်ပါ

စိတ်ညစ်နေတဲ့အချိန်မှာ ငြိမ်သက်တဲ့ တေးသွားလေးတွေကို နားဆင်ခြင်းက ဂယောက်ဂယက်ဖြစ်နေတဲ့ စိတ်ကို ပြန်လည်ထိန်းချုပ်ပေးမှာဖြစ်ပါတယ်။