အာရုံစိုက်ရတဲ့အလုပ်တွေကိုလုပ်တဲ့အခါမှာတော့ ဇက်ကြောအမြဲတက်ပြီး ခေါင်းအုံနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကတော့ ကွန်ပြူတာ အကြည့်များတဲ့သူတွေနဲ့ စာကျက်နေရတဲ့ကျောင်းသား၊ ကျောင်းသူတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် အာရုံစိုက်ရတဲ့အလုပ်တွေကြောင့် ဇာတ်ကြောတက်နေတာတွေကို သက်သာလာစေမယ့် သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ရေခဲကပ်ပါ။

Source: www.spine-health.com

ဇက်ကြောတက်နေတဲ့အချိန်မှာဆိုရင်တော့ ကြွက်သားတွေက တင်းမာနေတတ်ပါတယ်။ ဒါကြောင့် ကြွက်သားတင်းမာနေတာတွေ လျော့ကျပြီး ဇက်ကြောတက်တာသက်သာအောင် ဂုတ်နဲ့ ဇက်ကြောနေရာတွေမှာ ရေခဲကပ်ပေးထားပါ။ ရေခဲမကပ်ချင်ရင် ဗာဒံရွက်လည်း ကပ်ပေးလို့ရပါသေးတယ်။ ချက်ချင်းဆိုသလို ဇက်ကြောတက်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။

ရေများများသောက်ပါ။

Source: www.healthline.com

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လိုအပ်တဲ့အခါမှာလည်း ဇက်ကြာတက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၈ ခွက်သောက်ပေးသင့်တာပါ။ ရေဓာတ်လိုအပ်ရင် အသားအရေမွဲခြောက်တာတွေလည်း ဖြစ်တတ်လို့ ရေကိုများများသောက်ပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ။

Source: www.neutralizeall.info

ဇက်ကြောတက်တာကို သက်သာစေမယ့် လေ့ကျင့်ခန်းတွေလည်း ရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေကိုလုပ်ပေးခြင်းဖြင့်လည်း ဇက်ကြာတက်တာတွေကို သက်သာစေပါတယ်။ လေ့ကျင့်ခန်းမလုပ်ချင်ရင် ယောဂကျင့်ပေးနိုင်ပါတယ်။ ဒီလိုတွေမလုပ်ချင်ရင်လည်း ရေကူးပေးလို့ရပါတယ်။ ရေကူးပေးတာဟာ အကြောတွေ၊ လက်တွေကို ဆန့်ထုတ်ပေးလိုက်တာဖြစ်လို့ ဇက်ကြောတက်တာတွေကို သက်သာစေပြီး ကိုယ်လက်ညောင်းညာမှုတွေကိုလည်း သက်သာစေပါတယ်။

ဝမ်းမချုပ်အောင်ဂရုစိုက်ပါ။

Source: www.ecowatch.com

ဝမ်းချုပ်ရင်လည်း ဇက်ကြောတတ်တာမျိုးဖြစ်တတ်လို့ ဝမ်းမချုပ်အောင် ဂရုစိုက်ပါ။ ဇက်ကြောတက်နေတဲ့အချိန်မှာ ဝမ်းလည်းချုပ်နေမယ်ဆိုရင်တော့ ခေါင်းအုံပြီး ဇက်ကြာပိုတက်ကာ နေရထိုင်ရတာ မအီမသာဖြစ်စေပါတယ်။

ဇက်ကြောတက်တာတွေကိုသက်သာစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။