နေ့လည်နေ့ခင်းရောက်လာတဲ့အချိန်ကျရင် မောပန်းသလိုလို အိပ်ငိုက်သလိုလို ဖြစ်နေပါသလား။ အမြဲတမ်း မျက်လုံးဖွင့်နိုင်ဖို့ နေ့လည်ကျရင် ကော်ဖီတွေအများကြီး သောက်နေရပါသလား။

ဒါဆိုရင်တော့ ဒီနည်းလမ်းလေးက သင့်ကို တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေဖို့ အထောက်အကူအများကြီးဖြစ်စေတဲ့အတွက် လိုက်လုပ်ပေးကြည့်ဖို့ တိုက်တွန်းပါရစေနော်။

နေ့လည်ခင်းမှာ အဆာပြေစားပါ

Source: AH Beard

နေ့လည်ခင်းမှာ အဆာပြေလေးတစ်ခုခုစားဖို့သင့်ခန္ဓာကိုယ်က လိုအပ်ပါတယ်။ အဲ့လို အဆာပြေလေးစားလိုက်ရင် ခန္ဓာကိုယ်မှာ အားပြန်ရှိလာမှာဖြစ်ပါတယ်။

အဆာပြေစားတဲ့အခါမှာ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ရွေးပါ။ အုတ်ဂျုံ၊ Greek Yogurt၊ အသီးအနှံတွေကိုလည်း စားပေးပါ။

ချောကလက်လည်း စားပေးလို့ရပေမယ့် အမည်းရောင် ချောကလက် (Dark Chocolate) ကိုပဲစားပါ။ ချောကလက် အမည်းမှာ သကြားပါဝင်မှုနည်းပြီး ကဖိန်းဓာတ်ပိုများတာကြောင့် သင့်ခန္ဓာကိုယ်ကို လန်းဆန်းစေမှာဖြစ်ပါတယ်။

အဆာပြေစားပေမယ့် သကြားများတဲ့ အစားအစာ၊ အဆီဓာတ်များတဲ့ အစားအစာတွေကို မစားပါနဲ့။ ဒါတွေက လူကို ပိုပြီး အိပ်ငိုက်စေပါတယ်။

သံပုရာ ရည်ကို သောက်ပါ

Source: White Water

ကော်ဖီမသောက်ဘဲ သံပုရာရည်ကို သောက်ကြည့်ပါ။ သံပုရာရည်က လူကို တက်ကြွပြီး အားဖြစ်စေပါတယ်။ အဲ့ဒီအပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပြီး စိတ်ခံအားချက်ကိုလည်း မြှင့်တက်စေပါတယ်။

အေးတဲ့ရေ မျက်နှာပေါ် ပက်ဖြန်းပေးပါ

အေးတဲ့ရေကို မျက်နှာပေါ်မှာ ပက်ဖြန်းပေးပါ။ ဒါဆိုရင် တစ်နေ့တာသင့်ဆီမှာ ရှိနေတဲ့ စိတ်ဖိစီးမှုတွေ လျော့ကျသွားမှာဖြစ်ပါတယ်။

အကြောဆန့်ပြီး ပြင်ပလေကို ရှူပါ

ထိုင်ခုံပေါ်မှာ အချိန်အကြာကြီးထိုင်နေတာမျိုးက လူကို ပိုနုံးစေပါတယ်။ ဒါ့ကြောင့် ဦးနှောက်ကို အောက်စီဂျင်ရအောင် အသက်ရှူပြီး အကြောဆန့်တာမျိုးလုပ်ပါ။

နေရောင်ရအောင်လုပ်ပါ

Source: The Balance Careers
ရုံးမှာ အဲကွန်းအပြည့်နဲ့ မီးချောင်းမီးချည်းနဲ့ပဲ နေရင် ပိုပြီး ပင်ပန်းလွယ်ပါတယ်။ ဒါ့ကြောင့်နေရောင်ကိုလည်း ရအောင်လုပ်ပါ။ တန်ဖိုးထားပါ။