Smoothie ဆိုတာကတော့ လတ်လတ်ဆတ်ဆတ်ရှိတဲ့အသီးအရွက်ဖြစ်စေ၊ အသီးအနှံများကိုဖြစ်စေ ခပ်ပျစ်ပျစ်အနေရအောင်ချေပြီး နို့ထွက်ပစ္စည်းများဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်တို့ကို အခြားအချို၊ ရေ၊ ရေခဲ စတာတွေနဲ့ ရောပြီးသောက်သုံးရတဲ့ Juice တမျိုးပါပဲ။ Smoothies သောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Vitamins, သတ္တုဓာတ်နဲ့ အသီးအနှံတွေရဲ့အမျှင်ဓာတ်တွေကို ရနိုင်မယ့်အပြင် နွားနို့နဲ့ ဒိန်ချဉ်ကလည်း Calcium ပါဝင်လို့ သင့်ကျန်းမာရေးကို အထောက်အကူပြုမှာပါ။ ဒါပေမယ့်လည်း လိုတာထက်ပိုများနေမယ့် သကြားဓာတ်နဲ့အဆီတွေကတော့ သတိထားစရာပါ။

ဒါတွေကို အလွန်အကျွံမဖြစ်စေဖို့နဲ့ မိမိကျန်းမာရေးနဲ့ ကိုက်ညီစေမယ့် အကြံပေးချက်တချို့ကို ပြောပြချင်ပါတယ်။

၁။ ဖြစ်နိုင်ရင်ကိုယ်တိုင်ဖျော်ပါ။ အပြင်ကနေဝယ်သောက်မယ့် Smoothie တခွက်မှာ ဘာတွေဘယ်လောက်ပါမယ်ဆိုတာ မသိနိုင်ပါဘူး။ ဒါဟာမကောင်းပါဘူး။ ကိုယ့်စိတ်တိုင်းကျ ကိုယ်တိုင် ဖျော်သောက်မယ့် Smoothie ဆိုရင်တော့ အသီးအနှံတွေရဲ့လတ်ဆတ်မှု၊ နွားနို့နဲ့ ဒိန်ချဉ်တို့ရဲ့အချိုးအစားက ကိုယ့်စိတ်ကြိုက်ပိုပြီးဖြစ်စေမှာပါ။ အခြားမိမိနှစ်သက်ရာ ကွေကာတို့ Almond တို့လည်း ထပ်ထည့်နိုင်ပါတယ်။

၂။ Nutrition နဲ့ Calories ပါဝင်မှုကိုတွက်ချက်ပါ။ ဒါကတော့ ကိုယ်ထည့်မယ့်ပါဝင်ပစ္စည်းတွေမှာ ဘယ်လောက် Nutrition နဲ့ Calories ပါဝင်မှာလဲဆိုတာကို ကြိုတင်တွက်ချက်ဖို့ပါ။ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘုူး။ Calories Chart ဖြစ်စေ Nutrition Facts Label လို ဖြစ်စေ Internet မှာ ရှာလိုက်ရင် ရပါပြီ။

၃။ အလွန်အကျွံမသောက်ပါနဲ့။ ဘယ်အရာမဆို များသွားရင်မကောင်းပါဘူး။ Smoothie Favorite မို့လို့ အများကြီးသောက်လို့မဖြစ်ပါဘူး။ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တာထက်ပိုတဲ့ အဆီနဲ့သကြားဓာတ်တွေက သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေမှာပါ။