အဝလွန်ရောဂါဆိုတာ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ အဓိကကတော့ ကိုယ်တိုင်ဆင်ခြင်နိုင်ဖို့ပဲလိုတာပါ။ ဒါကြောင့် အဝလွန်ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ရမယ့်အရာတွေနဲ့ ဆောင်ရမယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

အဝလွန်ရောဂါမဖြစ်အောင် မနက်တိုင်းမှာ မိနစ် ၃၀ လောက်လမ်းလျှောက်ပေးပါ။ နေ့တိုင်းလျှောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ တစ်နေ့ကို အိပ်ချိန် ၈ နာရီထက် ပိုမအိပ်ပါနဲ့။ စိတ်ကိုကြည်လင်အောင် တရားထိုင်တာမျိုး၊ .ယောဂကျင့်တာမျိုးလုပ်ပေးပါ။ အတတ်နိုင်ဆုံး စိတ်ကိုပျော်အောင်ထားပါ။ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုလာပြီဆိုတာနဲ့ လေ့ကျင့်ခန်းလုပ်ပါ။ အစားနည်းနည်းလျော့စားလိုက်ပါ။

Photo Source: www.livestrong.com

မနက်စာကို အာဟာရဖြစ်အောင် များများစားပြီး နေ့လည်စာကို ပုံမှန်လေးပဲစားပါ။ ညစာကိုတော့ စားနေကျပမာဏထက် လျော့စားပေးပါ။ မပြည့်ဝဆီတွေဖြစ်တဲ့ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီနဲ့ ပဲပုတ်ဆီတို့ကို ရှောင်ပေးပါ။

Photo Source: www.alexfergus.com

အိုမီဂါ ၃ ပါဝင်တဲ့ ငါးကြင်း၊ ငါးမြင်း၊ ငါးတန်တို့လိုမျိုး အဆီပါတဲ့ငါးတွေကို ချက်စားပါ။ ပြုတ်စားပါ။ ကြော်ပြီးတော့မစားရပါဘူး။ ပဲအမျိုးမျိုးနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပါ။ နေ့တိုင်းစားပါ။

Photo Source: www.naturalfoodseries.com

အခွံမာအစေ့အဆံတွေဖြစ်တဲ့ နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့၊ ဗာဒံစေ့၊ သစ်ကြားစေ့ စတာတွေကို တစ်ပတ်နှစ်ခါလောက် စားပေးပါ။ ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေကို များများစားပါ။ သံပုရာသီး၊ ရှောက်သီး၊ နာနတ်သီး၊ ကျွဲကောသီးစတာတွေကို များများစားပေးပါ။ အချိုရည်တွေသောက်မယ့်အစား လတ်ဆတ်တဲ့သဘာဝအသီးဖျော်ရည်တွေကိုပဲ ဖျော်သောက်ပါ။

Photo Source: www.voedingnu.nl

ဒီနည်းလမ်းတွေနဲ့ အဝလွန်ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။