ဆေးတွေများများမသောက်ဘဲ ကျန်းမာရေးပြဿနာကို ဖြေရှင်းလို့ရပါတယ်။ အခုဆိုရင် မတူညီတဲ့ ဝေဒနာပေါင်း ၂၁ ခုကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းဆေးတစ်ခွက် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ဆေးညွှန်းနဲ့ အသုံးပြုနည်း

ဒီဆေးတစ်ခွက်ကို အိမ်က မီးဖိုချောင်မှာရှိတဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ သံပုရာသီး (သို့) သံပုယိုသီး၊ ပျားရည်ကို အသုံးပြုရမှာဖြစ်ပါတယ်။

သွေးတွင်း ကိုလက်စထရောပါဝင်မှုကို လျှော့ကျစေပြီး သွေးပြန်ကြောတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားကို ပုံမှန်ဖြစ်စေပြီးတော့၊ ခေါင်းကိုက်တာ၊ ရင်တုန်တာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖယ်ရှားပေးနိုင်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။ အဲဒီအရည် ၁၀ စက်ကို ရေ တစ်ခွက်နဲ့ရောပြီး မနက်အိပ်ယာနိုးနိုးချင်သောက်ပေးရမှာဖြစ်ပါတယ်။ ၁၅ ရက်လောက် ဆက်တိုက်သောက်ပေးပါ။

Source: Earth Chronicles

ဒီအရည်က ဆီးကျိတ်ကင်ဆာလို ကင်ဆာရောဂါအမျိုးမျိုးကနေလည်း ကြိုတင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ကင်ဆာကာကွယ်ဖို့အတွက်ဆိုရင်တော့ အဲဒီအရည် ၃ စက်လောက်ကို ရေခွက်တစ်ဝက်နဲ့ရောပြီး ၁ လလောက် သောက်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် တစ်ပတ်လောက်နားပါ။ ပြီးရင် နောက်ထပ် ၂ လ အဲဒီအတိုင်းဆက်လုပ်ပေးပါ။

ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး အစာချေစနစ်ကောင်းမွန်စေဖို့အတွက်ဆိုရင်တော့ အဲဒီအရည် ၁၅ စက်ကို အိပ်ယာမဝင်ခင် ရေတစ်ခွက်နဲ့ရာပြီး ၁ ပတ်လောက်သောက်ပေးပါ။

Source: rivierawellbeing.co.uk

အဆစ်အမြစ်နာတာ အရိုးနာတာ ခါးနာတာတွေအတွက်ဆိုရင်တော့ အဲဒီအရည် ၅ သက်လောက်ကို တစ်နေ့ ၃ ကြိမ်သောက်ပါ။

တစ်နေရာရာမှာရောင်နေ နာနေရင်တော့ အဲဒီအရည် ၂ စက်လောက်လိမ်းပေးပါ။ တစ်နေ့ကို ၃ ကြိမ်လိမ်းပေးရမှာဖြစ်ပါတယ်။

မျက်နှာပေါ်က ဝက်ခြံပျော်ကဖို့ဆိုရင်တော့ မနက်ဖက်မှာ အဲဒီအရည် ၁၀ စက်နဲ့ ရေ တစ်ခွက်ကို သောက်ပေးပါ။ ၃ လတိတိ သောက်ပေးရမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

Source: Health Impact News

  • ပျားရည် ခွက် ၁/၄ ပုံ
  • သံပုယိုသီး ၁၀ လုံးရဲ့ အရည်
  • ကြက်သွန်ဖြူ ၁၀ စိတ်
  • ဂျင်း ၅ စင်တီမီတာ

ပြုလုပ်နည်း

ပျားရည်ကို အပူပေးပါ။ ပြီးရင် ကြက်သွန်ဖြူကိုအခွံနွှာပြီး ထည့်ပါ။ အဲဒီနောက် ဂျင်းကို ပါးပါးလှီးပြီးထည့်ပါ။ ပြီးရင် သံပုယိုသီး ၁၀ လုံးကို အရည်ညှစ်ထည့်ပါ။ ဆူအောင်ထားပါ။ ဆူပြီး ၂ မိနစ်လောက်နေရင် အအေးခံလိုက်ပြီး အဖုံးပါတဲ့ ဘူးတစ်လုံး (သို့) ခရားတစ်လုံးထဲ ထည့်ထားပါ။ ရေခဲသေတ္တာထဲမှာ ၄ လထိအထားခံပါတယ်။