လေ့လာတွေ့ရှိမှုတွေက ကြက်ဥကို တစ်နေ့ ၁ လုံးစားပေးတာဟာ လေဖြတ်ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လေဖြတ်ရောဂါဟာ လူသေဆုံးမှုအမြင့်ဆုံး ရောဂါ ၁၀ မျိုးထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ EpodStat Institute ရဲ့ လေ့လာတွေ့ရှိမှုတွေအရ ကြက်ဥကို တစ်နေ့ ၁ လုံးစားပေးတာဟာ လေဖြတ်ရောဂါ ဖြစ်ပွားနိုင်ချေကို ၁၂ % ထိ လျှော့ကျစေပါတယ်။

ကြက်ဥ အနှစ်မှာပါဝင်တဲ့ Omega 3 Fatty Acids တွေမှာ မကောင်းတဲ့ LDL ကိုလက်စထရော ပါဝင်မှုနည်းပါးပြီး HDL လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ ကိုလက်စထရော ပါဝင်မှု မြင့်မားပါတယ်။

ဒါ့အပြင် Choline ဓါတ်နဲ့ Vitamin B အုပ်စုတွေပါဝင်ပြီး လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် A, D, E , K စတဲ့ဓါတ်တွေလည်းပါတယ်။ ဗီတာမင် A နဲ့ E တို့မှာ Antioxidant တွေပါဝင်လို့ အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြော ကျဉ်းနေတာကိုလည်း ချဲ့ပေးပါတယ်။

women-eating-egg

ကြက်ဥကို တစ်နေ့တစ်လုံးစားတာဟာ မကောင်းတဲ့ကိုလက်စထရောတွေ ကျစေတာတင်မကဘူး။ လေဖြတ်မှုကိုလည်း လျှော့ချပေးလို့ ကြက်ဥကို မနက်ခင်းမှာ ၁ လုံးလောက်စားပေးပြီး တစ်နေ့တာကို စတင်လိုက်ပါ။