ရုံးမှာဘဲ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေက သက်တောင့်သက်သာရှိတယ်၊ ကျန်းမာရေး သိပ်မထိခိုက်ဘူးလို့ ထင်ကြပါတယ်။

ဆရာဝန်တွေဆိုရင် ဒီထင်မြင်ချက်ကို ငြင်းဆန်ကြမှာပါ။

15422760-32950760-3-4ImageOther-article-0-1500975734-1500975742-650-1-1500975742-650-ed1e0d61fb-1502197355

ကြာရှည်ထိုင်တာများရင်

ကြွက်သားတွေ အားနည်းလာပြီး ခါးတွေ ဒူးတွေ နာလာတတ်ပါတယ်။ ခန္ဓာကိုယ်က အားလုံးစုစည်း ဖွဲ့စည်းထားတာကြောင့် တစ်နေရာက ပြဿနာရှိလာရင် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်တတ်ပါတယ်။ ကြွက်သားတွေက ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေ ထိန်းထားတာကြောင့် ကြွက်သားတွေ အားနည်းလာရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရမှုတွေ ဖြစ်နိုင်ပါတယ်။

ကြွက်သားတွေ အားနည်းလာတယ်လို့ သံသယရှိရင် ခြေထောက်ကို မလိုက် ချလိုက်လုပ်ပေးပါ။

လှုပ်ရှားပေး

ဒါကြောင့် ၂ နာရီလောက် ထိုင်ခုံမှာ ထိုင်ပြီးတိုင်း ၅ မိနစ်ကနေ ၁၅ မိနစ်လောက် လမ်းလျှောက်လှုပ်ရှားပေးပါ။

ထိုင်ခုံမှာဘဲ ကြာရှည်ထိုင်သာ များတဲ့သူတွေ

  • အထပ်အနည်းငယ်ဆိုရင် ဓာတ်လှေကားမသုံးဘဲ လှေကားကနေ တက်ပေးပါ။
  • Squats ထိုင်တာမျိုး Leg Starches ထိုင်တဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပေးပါ။
  • Gym မှာ သုံးတဲ့ ဘောလုံးမျိုးဝယ်ပြီး တခါတလေ အဲ့ဒီ ဘောလုံးပေါ်မှာထိုင်ပြီး အလုပ်လုပ်ပေးပါ။ အလုပ်မှာအဆင်မပြေလည်း အိမ်မှာ ဝယ်ပြီး ထိုင်ပေးပါ။

Squats

Legs Starches