ပေါင်မုန့်မှာ မှိုတက်တာကိုကြုံဖူးကြမှာပါနော်။ ဒီလိုမှိုတက်တိုင်း မှိုတက်တဲ့အပိုင်းလေးကိုဖယ်ပြီး ကျန်တဲ့အပိုင်းကို စားတတ်တာမျိုး ပြုလုပ်ကြပါတယ်။

ဒါမှမဟုတ် မှိုတက်တဲ့ ပေါင်မုန့်ကိုဖယ်ပြီး ကျန်တာကိုစားတတ်ကြပါတယ်။ ဒါဟာမကောင်းပါဘူး။ သက်တမ်းကုန်သွားပြီဖြစ်တဲ့ ပေါင်မုန့်ကိုစားတာဟာ ကျန်းမာရေးအတွက် များစွာဆိုးကျိုးဖြစ်စေပါတယ်။ ဒီလိုအကျင့်မျိုးရှိတယ်ဆိုရင် ချက်ချင်းပြင်လိုက်ပါနော်။ ပေါင်မုန့်တစ်ချပ်တည်းနဲ့တော့ ကျန်းမာရေးအတွက် အထိအခိုက်မခံပါနဲ့။

ပေါင်မုန့်မှာ ကပ်နေတဲ့မှိုကိုဖယ်ပြီး ဘာလို့မစားသင့်လဲ

မှိုတက်နေတဲ့ပေါင်မှုန့်ဟာ စားသုံးဖို့မသင့်တော်ဘူးလို့ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနကိုယ်စားလှယ် Marianan Graveley က ထုတ်ဖော်ပြောလိုက်ပါ။ ဘာလို့လဲဆိုတော့ ပေါင်မုန့်မှာ မှိုကအမြစ်တွယ်သွားပြီဖြစ်လို့ အဲဒီလိုဖယ်လည်း အကျိုးမထူးပါဘူးတဲ့။

မှိုတက်နေတဲ့ပေါင်မုန့်ကိုစားတာဟာ ဖျားနာတာမျိုးဖြစ်စေပြီး တစ်ချို့ မှိုတွေက ခန္တာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေလို့ ဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။ ဓါတ်မတည့်တာမျိုးဖြစ်ပေါ်စေပါတယ်။

မှိုကနေဖြစ်နိုင်တဲ့ရောဂါတွေကတော့ 

နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်း အန်ခြင်း၊ အမြင်အာရုံေ၀ဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်စေပါတယ်။