ညဖက်အချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့က ကိုယ့်ရဲ့နောက်တစ်နေ့တာ ကိစ္စအ၀၀ကို အားအင်အပြည့်နဲ့ လုပ်ဆောင်ဖို့အတွက် အလွန်သက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် အိပ်စက်တဲ့အခါမှာလည်း ဘယ်ဖက်ကိုလှည့်ပြီး အိပ်တာက လူအများအတွက် အလွန်ကောင်းတယ်လို့ ပြောထားလို့ ဘယ်လိုကောင်းကျိုးတွေလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

သွေးဖြူဆဲလ်စနစ်လှုပ်ရှားမှုကို မြှင့်တင်ပေးခြင်း

ဘယ်ဖက်ကိုလှည့်ပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်အတွင်းက မလိုလားတဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေအကုန်လုံးကို ထိရောက်စွာ ဖယ်ရှားနိုင်ပါတယ်။ ကျန်းမာရေးအတွက်ကောင်းတဲ့ အဆီတွေ၊ ပရိုတင်းတွေကိုလည်း ဆဲလ်များအတွင်း မြန်ဆန်စွာရောက်ရှိစေပါတယ်။

သရက်ရွက်ကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်စေခြင်း

သရက်ရွက်က ဘယ်ဖက်အခြမ်းမှာတည်ရှိတဲ့အတွက် ထိုဖက်စောင်းပြီးအိပ်စက်ခြင်းက သရက်ရွက်ကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်စေပါတယ်။ သရက်ရွက်အတွင်းက သွေးစီးဆင်းမှုကို မြှင့်တင်ပြီး အညစ်အကြေးတွေကို လျှင်မြန်စွာ စစ်ထုတ်ပစ်စေပါတယ်။

ညအချိန် ရင်ပူမှုဖြစ်ပွားခြင်းကို လျော့ကျစေခြင်း

အကယ်၍ မကြာမကြာ ရင်ပူတတ်တယ်ဆိုရင် ဘယ်ဖက်ကိုစောင်းပြီး အိပ်စက်ကြည့်ပါ။ ထိုသို့အိပ်စက်ခြင်းက အစာအိမ်အတွင်းက ပါရှိတဲ့အရာတွေကို အစာပြွန်အတွင်း ပြန်လည်ရောက်မသွားအောင် တားဆီးပေးပါတယ်။

အသည်းကို အလေးချိန်မပိုအောင် ကာကွယ်ပေးခြင်း

ညာဖက်စောင်းပြီး အိပ်တာက အသည်းပေါ်ဖိမိသလိုဖြစ်သည့်အတွက် ဘယ်ဖက်ကိုလှည့်ပြီး အိပ်စက်ပေးခြင်းက အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေနဲ့ အခြားအန္တရာယ်ဖြစ်စေမယ့်အရာတွေ အသည်းသို့မရောက်ရှိအောင် ကာကွယ်မှာဖြစ်ပါတယ်။

နှလုံးအတွက် ကောင်းမွန်ခြင်း

ဘယ်ဖက်ကိုစောင်းပြီး အိပ်စက်ခြင်းက နှလုံးကို ပိုမိုလွယ်ကူထိရောက်စွာ အလုပ်လုပ်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် နှလုံးကို ပုံမှန်ထက် ကျန်းမာစေလိုပါက ဘယ်ဖက်ကိုစောင်းပြီး အိပ်စက်ပေးပါ။

Credit: Brightside