လက်ချောင်းလေးတွေကပြောတဲ့အကြောင်းအရာတွေကို ဗေဒင်ဝါသနာအိုး စာဖတ်သူတို့သိပြီးကြလောက်ပြီထင်ပါတယ်။ ဒါပေမယ့်အခုကတော့ ဗေဒင်မဟုတ်ပါဘူး။ လက်ချောင်းလေးတွေကပြောတဲ့ ကိုယ့်ရဲ့အကြောင်းကို အပျော်သဘောအနေနဲ့ မျှဝေပေးချင်တာပါ။

ပုံ အေ (လက်သန်းကြွယ်က လက်ညိုးထက် ရှည်နေခြင်း)

လက်ကို အရှေ့ဖြန့်ကြည့်လိုက်လို့ လက်သန်းကြွယ်က လက်ညိုးထက်ရှည်နေမယ်ဆိုရင် သင်ဟာ ဆွဲဆောင်မှုရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။ စိတ်အပြောင်းအလဲနည်းနည်းမြန်တယ်ဒေါသထွက်လွယ်တယ်။ သင်ဟာ သင့်ရဲ့လုပ်ငန်းခွင်မှာ ထူးချွန်အောင်မြင်ပေါက်မြောက်သူတစ်ဦးလည်းဖြစ်ပါတယ်။ ပဟေဠိကိုအဖြေရှာရာမှာတော့ တကကယ်ကို ဆရာကြီးတွေပါပဲ။ သူတို့ကို အင်ဂျင်နီယာ၊ စစ်သား၊ စစ်တုရင်ကစားသမား၊ တခြားသူတွေထက် စွန့်စားတဲ့သူတွေအဖြစ် မြင်တွေ့ရလေ့ရှိပါတယ်။ဝင်ငွေကောင်းတဲ့သူလည်းဖြစ်ပါတယ်။

ပုံ ဘီ (လက်ညိုးက လက်သန်းကြွယ်ထက်ရှည်နေခြင်း)

လက်ညိုးက လက်သန်းကြွယ်ထက်ရှည်နေရင်တော့ သင်ဟာ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိသူဖြစ်ပါတယ်။ တပါးသူက သင့်အပေါ်မှာ လေးစားတာ အာရုံစိုက်တာကို သဘောကျသူဖြစ်ပါတယ်။ သင်ဟာ သူများရဲ့ ပုဂ္ဂိုလ်ရေးကိုရော ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးကိုရော လေးစားတန်ဖိုးထားသူဖြစ်တစ်ဦးဖြစ်ပါတယ်။

ပုံ စီ (လက်ညိုးနဲ့ လက်သန်းကြွယ်ညီနေခြင်း)

သင်ရဲ့လက်ညိုးနဲ့ လက်သန်းကြွယ်က တပြေးညီဖြစ်နေတယ်ဆိုရင်တော့ သင်ဟာ ငြိမ်းချမ်းရေးသမားဖြစ်ပါတယ်။ ပြဿနာဖြစ်တာ ပဋိပက္ခဖြစ်တာကို ရွံမုန်းသူတစ်ဦးဖြစ်ပါတယ်။ ဘယ်သူတဦးတယောက်နဲ့မှ ပြဿနာမဖြစ်ချင်တဲ့သူဖြစ်ပါတယ်။ အလိုက်သင့် ပေါင်းသင်းနေထိုင်တတ်သူဖြစ်ပေမယ့်လည်း တခါတလေ တယောက်တည်း သီးသန့်နေရတာကြိုက်တဲ့သူပါ။ ဒါပေမယ့် သူတို့ဟာ အချစ်ရေးမှာ သိပ်ကို ကြင်နာတတ်သူဖြစ်ပါတယ်။ သူတို့ရဲ့ချစ်သူအပေါ်မှာ အရမ်းကိုဂရုစိုက် ကြင်နာတတ်ပါတယ်။

ကဲ…သင်ကဘယ်လိုလက်ချောင်းလေးတွေကို ပိုင်ဆိုင်ထားတဲ့သူပါလဲ။