မိတ်ကပ်ထူထူ၊ ပါးနီ၊ နှုတ်ခမ်းနီ၊ ရှဲဒိုး စတာတွေ မလိမ်းတော့ဘူးဆိုရင် သင့်အသားအရေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာကို သိပါသလား။

မိတ်ကပ်လိမ်းတာဟာ အမည်းစက်တွေ ဝက်ခြံတွေကို ဖုံးကွယ်ထားစေလို့ ပိုပြီးယုံကြည်မှုရှိစေတာကြောင့် လူကြိုက်များကြပါတယ်။ ဒီလို မိတ်ကပ်ထူးထူမလိမ်းဘဲ နေမယ်ဆိုရင်ကော မျက်နှာအသားအရေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။

ချွေးပေါက်ကျဉ်းသွားမယ်

မိတ်ကပ်ထူးထူလိမ်းတာဟာ မျက်နှာပေါ်မှာ လေထုညစ်ညမ်းမှုတွေဖြစ်စေပြီးအညစ်ကြေးတွေဖြစ်စေလို့ ချွေးပေါက်ပိတ် ချွေးပေါက်ကျယ်တာတွေ ဖြစ်စေပါတယ်။ မိတ်ကပ်မလိမ်းဘူးဆိုရင်တော့ ချွေးပေါက်ပိတ်မျိုးတွေ လျှော့ချပေးနိုင်ပြီး ချွေးပေါက်ကျဉ်းစေနိုင်ပါတယ်။

ဝက်ခြံနည်းသွားမယ်

မိတ်ကပ်များများသုံးလေ မျက်နှာပေါ်မှာ အဆိပ်အတောက်တွေပိုဖြစ်လေမို့ ပုံမှန်သန့်ရှင်းရေးမလုပ်တဲ့သူတွေဆို ပိုပြီး ဝက်ခြံထွက်ပါတယ်။ မိတ်ကပ်မလိမ်းတော့ရင်တော့ ဝက်ခြံထွက်တာသက်သာစေပြီး အသားအရေဆိုင်ရာပြဿနာတွေကို ၃၀% လောက်လျှော့ကျသွားမှာပါ။

မျက်လုံးထဲပိုးဝင်တာနည်းသွားမယ်

Mascara လိမ်းတဲ့အခါမှာ မျက်တောင်ပိုရှည်တယ်လို့ထင်ရပေမယ့် မျက်လုံးထဲမှာအမှုန်တွေ ဝင်နိုင်လို့ မကြာခဏဆိုသလို မျက်လုံးထိခိုက်တတ်ပါတယ်။ မျက်လုံးနီတာ ရောင်တာမျိုးတွေဖြစ်စေပါတယ်။ မိတ်ကပ်မလိမ်းတော့ဘူး ဒီလိုမျက်တောင်ကော့ဆေးတွေမသုံးတော့ဘူးဆိုရင်တော့ ဒီလိုပြဿနာတွေကို လျှော့ပါးသွားစေမှာပါ။

ခြောက်သွေ့တဲ့အသားအရေကို goodbyeလို့နှုတ်ဆက်နိုင်ပြီ

မိတ်ကပ်မလိမ်းတော့တဲ့အခါ အသားအရေခြောက်သွေ့တာမျိုး ဖြစ်ပေါ်တာမရှိတော့ပါဘူး။ မိတ်ကပ်လိမ်းတဲ့အခါ သေချာသန့်ရှင်းရေးမလုပ်ရင် ဆဲလ်သေတွေဖြစ်စေပြီး ဆဲလ်သေတွေက အသားအရေခြောက်သွေ့စေပါတယ်။

အသားအရေဓါတ်မတည့်တာမျိုးနည်းသွားမယ်

မိတ်ကပ်နဲ့နေ့တိုင်းထိတွေ့နေတာ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေနဲ့နေ့တိုင်းလိုလိုထိတွေ့တာဟာ အသားအရေဓါတ်မတည့်တာမျိုး မကြာခဏဆိုသလိုဖြစ်စေတတ်ပါတယ်။ မိတ်ကပ်မလိမ်းတော့ဘူးဆိုရင်တော့ ဒီပြဿနာတွေလျှော့ပါးသွားမှာပါ။

သင့်ကိုပိုပြီးကျန်းမာစေတယ်

သင့်ရဲ့အသားအရေအရောင်ကိုလည်း ပိုမိုကြည်လင်စေပြီး မျက်နှာကလည်းပိုပြီး လန်းဆန်းလို့ ကြည့်ကောင်းစေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ကို ဘာလို့ စွဲစွဲမြဲမြဲလိမ်းနေတော့မှာလဲ။