ရုံးပတေသီးမှာ ကယ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင်စီ ဓာတ်မြင့်မားကာ Folate ဓာတ်တွေလည်းပါဝင်ပြီး တစ်နှစ်ပတ်လုံး စားသုံးနိုင်တဲ့ ဟင်းသီးဟင်းရွက်ပါ။

ဈေးနှုန်းသက်သာပေမယ့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါ

Okra-Helps-With-Asthma

ရုံးပတေသီးမှာ ဗီတာမင်စီဓာတ်ပါဝင်မှုများတာကြောင့် ပန်းနာရင်ကျပ်ရောဂါသည်တွေအတွက် အထူးကောင်းမွန်ပါတယ်။ ဗီတာမင်စီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေက ကလေးတွေမှာဖြစ်တတ်တဲ့ ရင်ကျပ်ရောဂါအတွက်ကောင်းမွန်တယ်လို့ ၂၀၀၀ ပြည့်နှစ်ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုကို Thorax ဆေးပညာ ဂျာနယ်တစ်ခုက ရေးသားထားပါတယ်။

ကိုလက်စထရောဓာတ်ကို လျော့ချပေး

Okra-Helps-Lower-Cholesterol

ရုံးပတေသီးမှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အစာခြေစနစ်အတွက်ကောင်းမွန်ပြီး သွေးအတွင်း ကိုလက်စထရောဓာတ်ကို လျော့ချပေးပါတယ်။ ပျော်လွယ်နိုင်တဲ့ အမျှင်ဓာတ်တွေက အစားအစာတွေထဲမှာပါဝင်တဲ့ ကိုလက်စထရောဓာတ်တွေကို ပေါင်းစပ် ဖြိုခွင်းပြီး မကောင်းတာတွေကို စွန့်ပစ်နိုင်ပါတယ်။ ဒီလိုနည်းနဲ့ သွေးအတွင်းက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးပါတယ်။

ဆီးချို ကာကွယ်ပေး

diabetes-2

သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ရုံးပတေသီးမှ အစေ့တွေက ကလူးကို့စ်ဓာတ်တွေကို စုပ်ယူနိုင်တာကြောင့် သွေးအတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။

ကိုယ်ခံအားကောင်းစေ

Okra-Benefits-The-Immune-System

ဗီတာမင်စီဓာတ်က ကိုယ်ခံအားကောင်းအောင်ပြလုပ်ပေးနိုင်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါကြောင့် ရုံးပတေသီးမှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး သွေးဖြူဥတွေ ထုတ်လုပ်ရာမှာလည်းကူညီပေးပါတယ်။

ကျောက်ကပ်ရောဂါကို ကာကွယ်ပေး

Okra-Helps-Prevent-Kidney-Disease

ရုံးပတေသီးကို နေ့တိုင်းစားရင် ကျောက်ကပ်ပျက်စီးတာကို ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကောင်းမွန်

Okra-Is-Great-For-Pregnant-Women

ရုံးပတေသီးမှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေဖြစ်တဲ့ ဗီတာမင် A၊ ဗီတာမင် B1၊ ဗီတာမင် B6 ၊ ဗီတာမင် B2 ၊ ဗီတာမင် စီ၊ ဇန့် နဲ့ကယ်ဆီယမ်ဓာတ်တို့ပါဝင်ပါတယ်။

အဲ့ဒီအပြင် အမျှင်ဓာတ်နဲ့ ဖောလစ်အက်ဆစ်တွေပါဝင်တာကြောင့် ကိုယ်ဝန်အတွက်ကောင်းမွန်ပြီး ဝမ်းချုပ်မှုကနေ ကာကွယ်ပေးပါတယ်။