မကြာသေးမီက အီတလီနိုင်ငံရဲ့ သုတေသနပြုချက်အရ Saffron လို့ခေါ်တဲ့ အိန္ဒိယဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဟာ အမြင်အာရုံကို ၉၇ % ထိ တိုးတက်ကောင်းမွန်စေပါတယ်တဲ့။

saffron_625x350_71452238506

ဒီကနေ့ခေတ်မှာ ကွန်ပျူတာအကြည့်များတာ ဖုန်းကနေတဆင့် ဂိမ်းဆော့တာ Facebook တို့လို လူမှုကွန်ရက်စာမျက်နှာတွေ အသုံးများတာတွေကြောင့် မျက်လုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။

508996_a19ba2e5a51849d5b3d02556248b4bf8mv2

တချို့ဆို ငယ်ငယ်လေးနဲ့ မျက်မှန်ပါဝါတွေတပ်ထားရတာတွေ ရှိပါတယ်။

Macular Degeneration လို့ခေါ်တဲ့ မျက်စိအမြင်လွှာတွေ ထိခိုက်ပျက်ဆီးခြင်းကို Saffron ကကာကွယ်ပေးနိုင်ပါတယ်။

အီတလီနိုင်ငံရဲ့ လေ့လာချက်တစ်ခုက Saffron ကို တစ်နေ့ ၂၀မီလီဂရမ် စားသုံးတဲ့သူတွေဟာ ၃ လအတွင်းမှာ အမြင်အာရုံပိုကောင်းလာပြီး မျက်စိအမြင်လွှာတွေထိခိုက်ပျက်ဆီးခြင်းကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Saffron က မျက်စိနဲ့ စပ်ဆက်နေတဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။

ခန္ဓာကိုယ်အတွင်းမှာလည်း အောက်စီဂျင်ပမာဏကို မြင့်တက်စေပြီး ဆဲလ်လူလာတွေ ပျက်ဆီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

maxresdefault

Saffron ကို ကော်ဖီထဲမှာထည့်သောက်တာဖြစ်ဖြစ် တခြားအစားအစာတွေမှာ ထည့်စားတာပဲဖြစ်ဖြစ် သိပ်ကို ကောင်းမွန်ပါတယ်။

100-Guaranteed-Authentic-Iran-font-b-Saffron-b-font-Crocus-Stigma-Croci-Top-Grade-Flower-font

Saffron ကို ရေနွေးနဲ့စိမ်ပြီး တစ်နေ့ ၁ ခွက်လောက်သောက်ပေးတာဟာ အမြင်အာရုံပျက်ဆီးမှုကို ကာကွယ်ပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း စာဖတ်သူတွေအတွက် သတင်းကောင်း မျှဝေလိုက်ပါတယ်။

Source: healthywayoflife.net

Photo Credit: lifemartini.com