ငှက်ပျောသီးအစိမ်းက ကိုယ်အလေးချိန်ကျစေသလို ကိုလက်စထရောပမာဏကို လည်းထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆီးချို သွေးချိုပမာဏကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချိုဝေဒနာရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ ဒါတင်မကသေးပါဘူး တစ်နေ့တာလုံးအတွက် လုံလောက်တဲ့ စွမ်းအင်ပမာဏကို ပေးစွမ်းနိုင်တာကြောင့် ကျန်းမာရေးကို များစွာအကျိုးထူးစေပါတယ်။

8-Amazing-Benefits-And-Uses-Of-Green-Bananas

ငှက်ပျောသီးအစိမ်းမှာ ပိုတက်ဆီယမ်ပမာဏ ကြွယ်ဝစွာပါဝင်ပြီး နှလုံးနဲ့ ကြွက်သားရဲ့လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အရိုးနဲ့ သွားတွေကို ခိုင်မာစေတဲ့ မဂ္ဂနီဆီယမ်ဓါတ်လည်း ပါဝင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေအတွက်လည်း အကူအညီပေးနိုင်ပါတယ်။

banana_PNG851

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပြီး သွေးတွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

ငှက်ပျောသီးအစိမ်းကို ပြုတ်မယ်

135847132

ရေ

SlicedGreenBananaWholeGreenBanana.jpg.838x0_q80

ငှက်ပျောသီးအစိမ်း ၅ လုံး

ပြင်ဆင်ခြင်း

boil banana

ငှက်ပျောသီးအစိမ်းကို ရေသေချာဆေးပြီး အတုံးလိုက်လှီးလိုက်ပါ။ မလှီးဘဲ ဒီအတိုင်းပြုတ်ရင်လည်း ရပါတယ်။ အခွံကိုမနွှာဘဲ ရေထဲပြီး ဆူအောင် ၁၀ မိနစ်လောက်သည်ထားပေးပါ။ ပြီးရင် ကြိတ်စက် (သို့) ဖျော်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် ရေခဲတုံးလေးတွေလုပ်တဲ့ပုံစံခွက် Ice Cube Container ထဲကို ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။

ခဲသွားပြီဆိုရင် ငှက်ပျောခဲလေးတွေကို ထုတ်လုက်ပြီး ခွက်ထဲထည့်ပြီး အဖုံးဖုံးကာ ရေခဲသေတ္တာထဲမှာထည့်ထားပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ သစ်သီးဖျော်ရည်တွေထဲမှာ ရေခဲတုံးအနေနဲ့ ထည့်စားပေးပါ။

တစ်နေ့ကို ၂၅၀ မီလီလီတာလောက်ထည့်ပြီးသောက်သုံးသင့်ပါတယ်။

ရလဒ်ကောင်းတွေရရှိလာမှာပါ။