ကြက်ဟင်းခါးသီးကို ရှေးနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာပါ။

download-2-4

သွေးတိုးတာ အရေးပြားဆိုင်ရာရောဂါတွေ အမျိုးသမီး ဓမ္မတာလာချိန်မှာ နာကျင်တာတွေ ကျောက်ကပ်မှာကျောက်တည်တာတွေ နဲပ တခြားရောဂါတွေအတွက်လည်း ကြက်ဟင်းခါးသီးက ဆေးဖက်ဝင်လှပါတယ်။

ကြက်ဟင်းခါးသီးနဲ့ ဆီးချို

diabetes-blood-test

သုတေသနပြုချက်တွေအရ ကြက်ဟင်းခါးသီးဟာ ဆီးချိုရောဂါမှာလူတွေအဖြစ်များတဲ့ ဆီးချို အမျိုးအစား ၂ ကိုကာကွယ်ပေးနိုင်ပါတယ်။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာပါ။
ကြက်ဟင်းခါးသီးမှာ ကြက်ဟင်းခါးသီးမှာ ဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်မှာ ဂလူးကို့စ်ကို ဖယ်ထုတ်ပေးတဲ့ လုပ်ဆောင်ချက်တွေကို အားပေးတဲ့ AMPK ကို လှုံ့ဆော်ပေးတဲ့ ဓါတုပစ္စည်းတွေပါဝင်ပါတယ်။

9184

ဆီးချိုရောဂါအမျိုးအစား ၂ ကို ခံစားရသူတွေအနေနဲ့ တစ်နေ့ကို ကြက်ဟင်းခါးသီး ၂၀၀ မီလီဂရမ်လောက် စားပေးသင့်ပါတယ်။

ကြက်ဟင်းခါးသီးကို တစ်နေ့ ၂၀၀ မီလီဂရမ်စာပေးတာဟာ Metformin 500 mg တနေ့ ၂ ကြိမ်စားပေးတာထက် Hypoglycemic လို့ခေါ်တဲ့ သွေးတွင်းသကြားဓါတ်ကို ပိုမိုလျော့နည်းစေပါတယ်။
ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ ဂလူးကိုစ့် သကြား နို့ဆီ ထန်းလျက် ကြံသကာ စတာတွေကိုရှောင်ရှားသင့်ပြီး အဲဒါတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေကို မစားသင့်ပါဘူး။

အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံတွေ အရွက်တွေကို များများစားသုံးပေးသင့်ပါတယ်။

ဆီးချိုအတွက်သာမက ရင်သားကင်ဆာဆဲလ်တွေ ပျံနှံမှုကနေလည်း ကာကွယ်ပေးပါတယ်။