ဂေါက်ရောဂါလို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ကိုက်ခဲတာမျိုးဖြစ်နေတဲ့သူတွေဟာ အစားအသောက် အနေအထိုင်ကအစဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ဂေါက်ရောဂါရှိတဲ့သူတွေအနေနဲ့ ရှောင်ကြဉ်ရမယ့် အစားအစာတွေကို သိထားသင့်သလောက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဂေါက်ရောဂါရှိတဲ့သူတွေဟာ အမဲသား၊ ဝက်သား၊ ဆိတ်သားနဲ့ ရက်လွန်အသားတွေစားသုံးတာကို ရှောင်ပေးရပါမယ်။ ဝမ်းတွင်းကလီစာတွေဖြစ်တဲ့ အူကလီစာ၊ အသည်း၊ အမြစ် စတာတွေကိုလည်း ရှောင်ပေးရပါမယ်။ အကြေးခွံပါတဲ့ငါးတွေဖြစ်တဲ့ ငါးသလောက်၊ ငါးကြင်း၊ ငါးမြစ်ချင်း စတာတွေကိုလည်း ရှောင်ပေးဖို့ လိုပါတယ်။

Source: www.alotabouthealth.com

မှို၊ ကညွှတ်၊ မျှစ်၊ ပဲပင်ပေါက်၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီးအစေ့၊ ပြောင်းဖူး၊ စတော်ဘယ်ရီ စတာတွေကိုလည်း မစားသုံးမိအောင် ဂရုစိုက်ပါ။ အဆီများတဲ့အစားအစာတွေဖြစ်တဲ့ ထောပတ်၊ မလိုင်၊ ဝက်သားစတာတွေကိုလည်း အထူးရှောင်ပေးပါ။ Cholesterol နဲ့ Triglyceride တက်စေတဲ့ အစားအစာတွေ စားသုံးတာကို ရှောင်ကြဉ်ပါ။

Source: www.livestrong.com

သကြားဓာတ်များတဲ့ အချိုရည်သောက်သုံးတာကိုလည်း ရှောင်ပေးရပါမယ်။ ဒါ့အပြင် အရက်၊ ဘီယာတွေ အလွန်အကျွံသောက်သုံးတာကိုလည်း ရှောင်ပေးရပါမယ်။ ဖြစ်နိုင်ရင်တော့ မသောက်တာ အကောင်းဆုံးပါ။ ဆေးဝါးတွေကို မှီဝဲတဲ့အခါမှာလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

Source: www.euyansang.com