[Unicode]

အရသာရှိတဲ့ စတော်ဘယ်ရီသီးကို စားပေးသင့်တဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခုကတော့ ရင်သားကင်ဆာ ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့်ဖြစ်ပါတယ်။ အဲဒီလေ့လာတွေ့ရှိချက်ကို Scientific Reports ဂျယ်နယ်မှာ ဖော်ပြပေးခဲ့တာပါ။ သုတေသီတွေက စတော်ဘယ်ရီမှာပါဝင်တဲ့ အဟာရဓါတ်တွေဟာ ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလေ့လာမှုကို ကြွက်တွေကို အုပ်စုနှစ်စုခွဲပြီးစတင်ခဲ့တာပါ။ ပထမတစ်ဖွဲ့ကိုတော့ တခြား အဆင့်အတန်းမြင့် အစားအစားတွေကျွေးခဲ့ပြီး ဒုတိယတစ်ဖွဲကိုတော့ စတော်ဘယ်ရီ ၁၅%ပါဝင်တဲ့အစားအစာတွေ ကျွေးပြီး စမ်းသတ်ခဲ့တာပါ။ ၁ လအကြာမှာတော့ ကြွက်အားလုံးကို ရင်သားကင်ဆာဆဲလ် A17 ထိုးပေးခဲ့ကြပါတယ်။ အဲဒီကင်ဆာတွေကို ၂ ပတ်တစ်ခါ စစ်ဆေးခဲ့ကြပါတယ်။

၅ ပတ်လောက်အကြာမှာတော့ ကင်ဆာလ်အကျိတ်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ကင်ဆာအကျိတ်ရဲ့ အလေးချိန်နဲ့ ပမာဏကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။

စတော်ဘယ်ရီသီးစားတဲ့ ကြွက်တွေရဲ့ ကင်ဆာအကျိတ်ကတော့ ကင်ဆာကျိတ်ရဲ့ အလေးချိန်က သိသိသာသာရော့သွားပြီး အရွယ်အစားလည်း သိသိသာသာ သေးသွားတာကို တွေ့ရှိခဲ့ကြပါတယ်။ စတော်ဘယ်ရီမပါဘဲ တခြားအဆင့်တန်းမြင့် အစားအစာတွေကျွေးတဲ့ ကြွက်တွေရဲ့ ကင်ဆာကျိတ်မှာတော့ ကင်ဆာဆဲလ် ထပ်ပြီးတိုးမလာသလို ပျံ့မသွားတာကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် အကျဉ်းချုပ်ပြောရရင်တော့ စတော်ဘယ်ရီသီးကို ထည့်ပြီးစားပေးရင် ကင်ဆာကျိတ်ကို ကုသပေးနိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။

စတော်ဘယ်ရီ

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ

စတော်ဘယ်ရီသီးတွေမှာဆိုရင် Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် နဲ့ သတ္တုဓါတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ် မဂ္ဂနစ်စ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေလည်းပါဝင်ပြီး ဗီတာမင် C ကြွယ်ဝလို့ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ပါတယ်။

www.davidwolfe.com မှ ဘာသာပြန်ဖော်ပြသည်။

[Zawgyi]

အရသာရွိတဲ့ စေတာ္ဘယ္ရီသီးကို စားေပးသင့္တဲ့ ေနာက္ထပ္ အေၾကာင္းျပခ်က္တစ္ခုကေတာ့ ရင္သားကင္ဆာ ဆန္႔က်င္ေပးႏိုင္တဲ့ ဂုဏ္သတၱိေတြပါ၀င္တာေၾကာင့္ျဖစ္ပါတယ္။ အဲဒီေလ့လာေတြ႔ရွိခ်က္ကို Scientific Reports ဂ်ယ္နယ္မွာ ေဖာ္ျပေပးခဲ့တာပါ။ သုေတသီေတြက စေတာ္ဘယ္ရီမွာပါ၀င္တဲ့ အဟာရဓါတ္ေတြဟာ ရင္သားကင္ဆာကို ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

အဲဒီေလ့လာမႈကို ၾကြက္ေတြကို အုပ္စုႏွစ္စုခြဲၿပီးစတင္ခဲ့တာပါ။ ပထမတစ္ဖြဲ႔ကိုေတာ့ တျခား အဆင့္အတန္းျမင့္ အစားအစားေတြေကၽြးခဲ့ၿပီး ဒုတိယတစ္ဖြဲကိုေတာ့ စေတာ္ဘယ္ရီ ၁၅%ပါ၀င္တဲ့အစားအစာေတြ ေကၽြးၿပီး စမ္းသတ္ခဲ့တာပါ။ ၁ လအၾကာမွာေတာ့ ၾကြက္အားလံုးကို ရင္သားကင္ဆာဆဲလ္ A17 ထိုးေပးခဲ့ၾကပါတယ္။ အဲဒီကင္ဆာေတြကို ၂ ပတ္တစ္ခါ စစ္ေဆးခဲ့ၾကပါတယ္။

၅ ပတ္ေလာက္အၾကာမွာေတာ့ ကင္ဆာလ္အက်ိတ္ကို ထုတ္ယူလိုက္ပါတယ္။ အဲဒီေနာက္ ကင္ဆာအက်ိတ္ရဲ့ အေလးခ်ိန္န႔ဲ ပမာဏကို ခြဲျခမ္းစိတ္ျဖာခဲ့ၾကပါတယ္။

စေတာ္ဘယ္ရီသီးစားတဲ့ ၾကြက္ေတြရဲ့ ကင္ဆာအက်ိတ္ကေတာ့ ကင္ဆာကိ်တ္ရဲ့ အေလးခ်ိန္က သိသိသာသာေရာ့သြားၿပီး အရြယ္အစားလည္း သိသိသာသာ ေသးသြားတာကို ေတြ႔ရွိခဲ့ၾကပါတယ္။ စေတာ္ဘယ္ရီမပါဘဲ တျခားအဆင့္တန္းျမင့္ အစားအစာေတြေကၽြးတဲ့ ၾကြက္ေတြရဲ့ ကင္ဆာက်ိတ္မွာေတာ့ ကင္ဆာဆဲလ္ ထပ္ၿပီးတိုးမလာသလို ပ်ံ႕မသြားတာကို ေတြ႔ရွိခဲ့ပါတယ္။

ဒါေၾကာင့္ အက်ဥ္းခ်ဳပ္ေျပာရရင္ေတာ့ စေတာ္ဘယ္ရီသီးကို ထည့္ၿပီးစားေပးရင္ ကင္ဆာက်ိတ္ကို ကုသေပးႏိုင္တယ္လို႔ သုေတသီေတြကဆိုပါတယ္။

စေတာ္ဘယ္ရီ

စေတာ္ဘယ္ရီသီးရဲ႕ က်န္းမာေရး ေကာင္းက်ိဳးမ်ား

စေတာ္ဘယ္ရီသီးေတြမွာဆိုရင္ Antioxidant ေတြၾကြယ္၀စြာပါ၀င္ၿပီး ဗီတာမင္ နဲ႔ သတၱဳဓါတ္လည္းၾကြယ္၀စြာပါ၀င္ပါတယ္။ ပိုတက္ဆီယမ္ မဂၢနစ္စ္နဲ႔ မဂၢနီဆီယမ္ဓါတ္ေတြလည္းပါ၀င္ၿပီး ဗီတာမင္ C ၾကြယ္၀လို႔ ကို္ယ္ခံအားစနစ္ကို ျမင့္တင္ေပးႏိုင္ပါတယ္။

www.davidwolfe.com မွ ဘာသာျပန္ေဖာ္ျပသည္။